သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး မြန်မာပြည် လာမည်


2014.06.30
julie-bishop-305 သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Julie Bishop ပုံ
Photo:www.smh.com.au

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Julie Bishop ဟာ မြန်မာနိုင်ငံကို ဒီသီတင်းပတ်အတွင်း လာရောက် မှာ ဖြစ်ပါတယ်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟာ သမ္မတ ဦးသိန်းစိန် ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် တို့နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

ခရီးစဉ်အတွင်း မြန်မာပြည် ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ် ငန်းစဉ်တွေအပေါ် သြစတြေးလျ က အားပေးထောက် ခံ နေကြောင်း ထပ်မံအတည်ပြုပြောကြားမှာဖြစ်သလို၊ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေ နဲ့ ငြိမ်းချမ်းရေးလမ်းစ ရှာဖွေရာမှာ နဲ့ ရခိုင်ပြည်နယ်က ဘာသာလူမျိုး ပဋိပက္ခတွေကြောင့် လုံခြုံရေး နဲ့ လူသားချင်းစာနာကူညီမှုတွေ အတွက်  သြစတြေးလျ ရဲ့ အရေးပါတဲ့နေရာ တွေ အကြောင်း ဆွေးနွေးပြောဆိုမယ်လို့ သိရပါတယ်။

ဒါ့ပြင် ပညာရေး၊ စီးပွားရေးဖွဲ့ဖြိုးတိုးတက်မှု နဲ့ အမျိုးသမီးတွေရဲ့ဘ၀ မြှင့်တင်ရေး ကိစ္စတွေဟာလည်း မြန်မာပြည် ခရီးစဉ်အတွင်း အဓိက ဆွေးနွေးမယ့် အကြောင်းအရာတွေထဲမှာ ပါဝင်တယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့ ကြေညာချက်မှာပါရှိပါတယ်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Julie Bishop ဟာ ၂ဝ၁၆ ခုနှစ် အာဆီယံဥက္ကဌ တာဝန်ယူမယ့် လာအို နိုင်ငံကို လည်း သွားရောက်မှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။