ဂျော်ဒန်ရောက် မြန်မာအထည်ချုပ်အလုပ်သမားတွေ အလုပ်ရှင်နဲ့ ညှိနှိုင်းလို့ မရသေး

လုဆိုင်း (ထိုင်းနိုင်ငံ)
2021.09.09
ဂျော်ဒန်ရောက် မြန်မာအထည်ချုပ်အလုပ်သမားတွေ အလုပ်ရှင်နဲ့ ညှိနှိုင်းလို့ မရသေး ဂျော်ဒန်နိုင်ငံ အထည်ချုပ်စက်ရုံမှာ ဆန္ဒပြနေကြတဲ့ မြန်မာအလုပ်သမားများကို တွေ့ရစဉ်။
Photo: CJ

ဂျော်ဒန်နိုင်ငံ Vega အထည်ချုပ်စက်ရုံမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်နေ့ကတည်းက ဆန္ဒပြတောင်းဆိုနေတဲ့ မြန်မာအလုပ်သမားတွေ အလုပ်ရှင်နဲ့ ညှိနှိုင်းမှု မရသေးတဲ့အတွက် အလုပ်မဆင်းဘဲ ဆက်လက် ဆန္ဒပြနေတယ်လို့ ဆန္ဒပြမြန်မာအလုပ်သမားတစ်ဦးက ပြောပါတယ်။

ဆန္ဒပြ မြန်မာအလုပ်သမား ၂၆၀ ကျော်ထဲက ၂၀က အလုပ်ဆင်းနေပေမယ့် ကျန်တဲ့သူတွေကတော့ အလုပ်မဆင်းကြဘူးလို့လည်း ပြောပါတယ်။

မြန်မာအလုပ်သမားတွေဘက်က လာမယ့်အောက်တိုဘာလမှာ မြန်မာပြည်ကို ပြန်ဖို့ အလုပ်ရှင်ဘက်က လေယာဉ် စီစဉ်ပေးဖို့နဲ့ အလုပ်သမားတွေ ရရမယ့် လူမှုဖူလုံကြေးငွေ ရရှိဖို့ တောင်းဆိုထားတာပါ။

အလုပ်ရှင်ဘက်က စက်တင်ဘာလ ၁၆ ရက်နေ့ကစပြီး လူမှုဖူလုံကြေးအတွက် လျှောက်လွာတင်ဖို့နဲ့ လာမယ့် နိုဝင်ဘာလမှာ မြန်မာပြည်ကို ပြန်ပို့မယ်လို့ ပြောဆိုထားပေမယ့် အလုပ်သမားတွေဘက်က လက်မခံဘူးလို့ဆိုပါတယ်။ အလုပ်ရှင်နဲ့ အလုပ်သမားတွေကြား ညှိနှိုင်းပေးနေတဲ့ အလုပ်သမား ခေါင်းဆောင် ၉ ဦးကို စက်တင်ဘာလ ၂ ရက် နေ့မှာ အလုပ်ရှင်ဘက်က အကြောင်းပြချက်မပေးဘဲ အလုပ်ထုတ်ခဲ့ပါတယ်။

မြန်မာပြည်ကို ပြန်ချင်တဲ့ မြန်မာအလုပ်သမား ၂၂၀ ရဲ့ စာရင်းကို အစ္စရေးနိုင်ငံက မြန်မာသံရုံးကို ပေးထားပေမယ့် သံရုံးဘက်က ဆက်သွယ်မလာသေးဘူးလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။