မောင်ဂွမ်ဆိုင်းအောင်အမှု မျက်မြင်သက်သေတွေကို စတင်စစ်ဆေး


2016.07.11
gwansanaung-620.jpg မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက်က နေအိမ်မှာ မောင်ဂွမ်ဆိုင်းအောင်ရဲ့ ရုပ်အလောင်း ပြင်ဆင်ထားတာကို ဇွန်လ ၂၂ ရက်နေ့ က မြင်ရစဉ်
Photo: Kyaw Myo Min/RFA

မြစ်ကြီးနားမြို့မှာ သေနတ်ထိမှန်သေဆုံးခဲ့တဲ့ ကွန်ပြူတာ တက္ကသိုလ်ကျောင်းသား မောင်ဂွမ်ဆိုင်းအောင်အမူနဲ့ ပတ်သက်ပြီး သူငယ်ချင်း မျက်မြင် သက်သေတွေကို ပထမဆုံးအကြိမ် စစ်ဆေးနေတယ်လို့ ကချင်ပြည်နယ် ဒုရဲမှူးကြီး က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့ညက မြစ်ကြီးနားမြို့ သီတာရပ်ကွက်အနီး ဖြစ်ပွားခဲ့တဲ့အမူမှာ ပါဝင်ခဲ့တဲ့ မျက်မြင် သက်သေတွေ ကို ဒီနေ့ နေ့လည်ပိုင်းက ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ ကချင်ပြည်နယ် ဒုရဲမှူးကြီး မျိုးသူရနောင် က ပြောပါတယ်။

"လက်ရှိက သူတို့ရဲစခန်းမှာ အမှုစစ်ခံနေပါတယ်၊ ရဲလုပ်ငန်းအနေနဲ့ကတော့ ဒီအမှုတွေကိုအားလုံး စစ်ဆေးဆဲဖြစ်ပါတယ်"

ရဲစခန်းကို လာရောက် အစစ်ဆေးခံတဲ့ မောင်ဂွန်ဆိုင်းအောင်ရဲ့ သူငယ်ချင်း မျက်မြင်သက်သေ ဘယ်နှစ်ဦးရှိတယ် ဆိုတာ မပြောနိုင်သေးကြောင်းနဲ့ အမူက စစ်ဆေးနေဆဲဖြစ်ကြောင်း ဒုရဲမှုးကြီး မျိုးသူရနောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၀ရက်နေ့ညက မြစ်ကြီးနားမြို့ သီတာရပ်ကွက်အနီးမှာ တပ်မတော်သားနှစ်ဦးနဲ့ ဒေသခံလူငယ်တချို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားရာကနေ အသက် ၁၉ နှစ်အရွယ် ကွန်ပျူတာတက္ကသိုလ်ကျောင်းသား မောင်ဂွမ် ဆိုင်းအောင် သေဆုံးခဲ့တာဖြစ်ပါတယ်။

မောင်ဂွန်ဆိုင်းအောင်နဲ့အတူ ပါဝင်ခဲ့တဲ့ မျက်မြင်သက်သေ ဒေသခံလူငယ်တွေဟာ အခင်းဖြစ်ပွားပြီး နောက် ပိုင်း ရှောင်တိမ်းနေခဲ့တာဖြစ်ပြီး  ဒီနေ့ ရဲစခန်းကို ပထမဆုံးအကြိမ် လာရောက် စစ်ဆေး ခံတာဖြစ်ပါတယ်။

အမူဖြစ်ပွားရာမှာပါဝင်တဲ့ တပ်မတော်သားနှစ်ဦးကို စစ်ဖက်တရားရုံးမှာ စစ်ဆေးနေပြီး ကချင်စာပေ နဲ့ ယဉ်ကျေးမှုအဖွဲ့ ဖက်ဒရေးရှင်းက လူငယ်တွေကတော့ စစ်ဖက်တရားရုံးမှာ မစစ်ဆေးဘဲ အရပ်ဘက် တရားရုံးမှာ စစ်ဆေးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။