ကချင်ကျောင်းသား အမှုမှန်ပေါ်ရေး မန္တလေးမှာ ဆန္ဒပြ


2016.06.27
gwansanaung-mdy-protest-620.jpg မောင်ဂွမ်ဆိုင်းအောင် သေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေး ဗကသ(အထက်ဗမာပြည်)က အဖွဲ့ဝင်တွေ ဇွန်လ ၂၇ ရက်နေ့က မန္တလေးမြို့ ဈေးချို့ရှေ့မှာ ဆန္ဒပြတောင်းဆိုစဉ်
Photo: Hset Paing Toe/RFA

ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ကွန်ပျူတာတက္ကသိုလ်ကျောင်းသား မောင်ဂွမ်ဆိုင်းအောင် သေနတ်ထိ မှန် သေဆုံးမှုနဲ့ ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်အောင် စစ်ဆေးပေးဖို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ္ဂများ အဖွဲ့ချုပ် (အထက်ဗမာပြည်)က ဒီကနေ့ မန္တလေးမြို့မှာ ဆန္ဒပြ တောင်းဆိုလိုက်ပါတယ်။

တပ်မတော်သားနှစ်ဦးကို စစ်ဖက်ဆိုင်ရာတရားရုံးမှာ မစစ်ဆေးဘဲ အရပ်ဘက်တရားရုံးမှာ စစ်ဆေးပေးဖို့ တောင်း ဆိုတာဖြစ်တယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ မြစ်ကြီးနားတက္ကသိုလ်ကျောင်းသား ကိုထွန်းအောင်ကျော် က ပြောပါတယ်။

"ဒီကိစ္စရဲ့အမှုမှန်ကို အမြန်ဆုံးဖော်ထုတ်ပေးဖို့ ကျနော်တို့အနေနဲ့ တောင်းဆိုချင်ပါတယ်၊ နောက်တစ်ခု ကတော့ တပ်မတော်သားတွေကို တရားစီရင်တဲ့အပေါ်မှာ ပွင့်လင်းမြင်သာမှုရှိရှိ တရားစီရင်ပေးဖို့အတွက် အရပ်ဘက် တရားရုံးကို လွှဲပြောင်းပေးဖို့အတွက် ကျနော်တို့ အလေးနက်တောင်းဆိုပါတယ်၊ ကျနော် တို့ တောင်းဆိုချင်တာက တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့ဘဝလုံခြုံရေးဖြစ်ပါတယ်"

ဆန္ဒပြပွဲမှာ ကျောက်ဆည်နည်းပညာတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ မြစ်ကြီး နား တက္ကသိုလ် စတဲ့ တက္ကသိုလ်တွေက ဗကသ အဖွဲ့ဝင် ၅၀ လောက် ပါဝင်ခဲ့ပါတယ်။

ကချင်တမျိုးသားလုံးဆိုင်ရာ လူငယ်သမဂ္ဂ၊ မြစ်ကြီးနားကျောင်းသားသမဂ္ဂ၊ ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့တို့ ကလည်း မောင်ဂွမ်ဆိုင်းအောင် သေဆုံးမှုကို အမှုမှန်ပေါ်ပေါက်အောင် ဖော်ထုတ်ပေးဖို့ တောင်းဆိုတဲ့ သဝဏ်လွှာတွေကို ဆန္ဒပြပွဲကို ပေးပို့ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၀ရက်နေ့ညက မြစ်ကြီးနားမြို့ သီတာရပ်ကွက်အနီးမှာ တပ်မတော်သားနှစ်ဦးနဲ့ ဒေသခံလူငယ် တချို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားရာကနေ အသက် ၁၉ နှစ်အရွယ် ကွန်ပျူတာတက္ကသိုလ်ကျောင်းသား မောင်ဂွမ် ဆိုင်းအောင် သေဆုံးခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။