ရခိုင်ပြည်နယ် အကြမ်းဖက်မှု စစ်ဆေးဖို့ ကုလ ထပ်မံ ပြောကြား
2018.02.09

ရခိုင်ပြည်နယ် မြောက်ပိုင်း အင်းဒင်ရွာမှာ ရိုဟင်ဂျာ ၁၀ ယောက်ကို သတ်ဖြတ်တဲ့ သတင်းဟာ ထိတ်လန့်စရာဖြစ်ပြီး ဒီအကြမ်းဖက်မှုကို သေသေချာချာ စုံစမ်းစစ်ဆေးဖို့ လိုအပ်တာကို ပြသလိုက်တာပဲလို့ ကုလသမဂ္ဂက မနေ့က ပြောကြားလိုက်ပါတယ်။
ဗြိတိန် လေဘာပါတီ အမတ် Rosena Allin-Khan ကလည်း ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ ဆရာဝန်တစ်ဦးအဖြစ် မနှစ်က လုပ်ကိုင်ခဲ့တုန်းက သူ ကြားခဲ့ရတာတွေနဲ့ Reuters က ခုဖော်ပြတဲ့ သတင်းနဲ့ တူတူပဲလို့ BBC သတင်းဌာနကို ပြောပါတယ်။ ဒီလို အစုလိုက် သတ်တာကို ကျမတို့ ဘေးက ကြည့်နေရတယ်လို့ သူကပြောပြီး သြဂုတ်လက စဖြစ်ချိန်ကစလို့ ဒါဟာ ပထမဆုံး ဖွင့်ချတာမို့ ဒီအထောက်အထားတွေဟာ အလှည့်အပြောင်းပါပဲလို့ ဆိုပါတယ်။
ပြစ်မှု ကျူးလွန်သူ ကိုယ်တိုင်ပြောတာ ကြားရတာလို့ ပြောပါတယ်။
ရိုဟင်ဂျာတွေပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေကြောင့် မြန်မာ စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ ခုံရုံး တင်သင့်တယ်လို့လည်း HRW - လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။ Fortify Rights လူ့အခွင့်အရေးအဖွဲ့ကလည်း သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေးစုံစမ်းဖို့ တိုက်တွန်းလိုက်ပါတယ်။