ရူပီးငွေအချို့ ဖျက်သိမ်းလို့ နန်းဖာလုံဈေး အရောင်းအဝယ်ရပ်


2016.11.10
india-rupee-1000-620.jpg အိန္ဒိယအစိုးရက ပယ်ဖျက်လိုက်တဲ့ ရူပီးငွေ ၁၀၀ဝ တန်ကို တွေ့ရစဉ်
Photo: RTER.info

နိုဝင်ဘာ ၈ ရက်နေ့ညပိုင်းက အိန္ဒိယအစိုးရက ရူပီးငွေ ၅၀၀ တန်နဲ့ ၁၀၀၀ တန်တွေကို သုံးစွဲခွင့် ပယ်ဖျက်လိုက်ပြီး တဲ့နောက် မြန်မာ အိန္ဒိယ နယ်စပ်ဈေးဖြစ်တဲ့ တမူးမြို့နယ်က နန်းဖာလုံဈေးမှာ အရောင်းအဝယ်ရပ်တန့်သွားပါတယ်။

နိုဝင်ဘာ ၉ ရက်နေ့ကစပြီး ဒီနေ့အထိ ဈေးထဲမှာ အရောင်းအဝယ် မဖြစ်ဘူးလို့ နန်းဖာလုံဈေး ဥက္ကဌ ဦးသိန်းအေး က ပြောပါတယ်။

"၈ ရက်နေ့ညမှာထင်တယ် ကြေညာတာလေ၊ ကျနော်တို့က ၉ ရက်နေ့ မနက်ကနေစပြီး ဟိုဘက်က လာဝယ်တဲ့ ကုန်သည်မလာတော့ဘူး၊ အဓိကက အိန္ဒိယငွေနဲ့ နယ်စပ်ဈေးဖြစ်တော့ အရောင်းအဝယ်က ရပ်သွားတာပေါ့၊ ဒီမှာ ရောင်းတဲ့သူရော ဝယ်တဲ့သူရော မရှိဘူးပေါ့"

နိုဝင်ဘာ ၈ ရက်နေ့ ညပိုင်းမှာ အိန္ဒိယ ရူပီးငွေ ၅၀၀ တန်နဲ့ ၁၀၀၀ တန်ကို သုံးစွဲခွင့်ရပ်ဆိုင်းလိုက်ကြောင်းနဲ့ အဲ့ဒီငွေတွေကို ရက်ပေါင်း ၅၀ အတွင်း ပြန်လည်အစားထိုး လဲလှယ်ပေးသွားမယ်လို့ အိန္ဒိယ အစိုးရက တရားဝင် ကြေညာလိုက်တာဖြစ်ပါတယ်။

နန်းဖာလုံဈေးက မြန်မာနိုင်ငံသား ကုန်သည်တွေဆီမှာလည်း အိန္ဒိယ ရူပီး ၅၀၀ တန်နဲ့ ၁၀၀၀ တန်တွေရှိနေ ပြီး ပြန်လည်လဲလှယ်နိုင်ဖို့ အခက်အခဲတွေဖြစ်နေပါတယ်။

အဲဒီ ရူပီး ၅၀၀ တန်နဲ့ ၁၀၀၀ တန်တွေကို အသုံးပြုခွင့်ရပ်ဆိုင်းလိုက်ပြီးတဲ့နောက် ရူပီးငွေပေါက်ဈေးဟာ အရင်က ရူပီးငွေ ၁၀၀ ကို မြန်မာငွေ ၁၈၀၀ ကျော်ရှိရာကနေ မနေ့ကစတင်ပြီး ၁၇၀၀ ကျော်သာ ပေါက်ဈေးရှိတော့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။