IMF ရဲ့အကူ ယူမယ်ဆိုရင် IMF မူတွေနဲ့အညီ နေရန်လိုအပ်

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ IMF ရဲ့အကူအညီ ယူမယ်ဆိုရင်တော့ IMF ရဲ့ မူတွေ၊ ဘောင်တွေနဲ့အညီ နေရမှာပါပဲလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

2011.08.09
kyat_bundle305.jpg ၁၉၉၈ ခုနှစ် နိုဝင်ဘာလတွင် မြန်မာကျပ်ငွေ တစ်ထောင်တန်ကို စတင် ရိုက်နှိပ် ထုတ်ဝေခဲ့သည်။
RFA

သြဂုတ်လ ၉ ရက်နေ့က ကျင်းပတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောခွင့်ရ ပုဂ္ဂိုလ် Ms.Nuland က ပြောဆိုသွားတာပါ။

မြန်မာအစိုးရက သူ့ရဲ့ ရှုပ်ထွေးလှတဲ့ နိုင်ငံခြားငွေ လဲလှယ်ရေး စနစ် ပြုပြင် ပြောင်းလဲဖို့ ကိစ္စမှာ IMF အမှုဆောင် အဖွဲ့ဝင် ဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုက ဘယ်လို သဘောထားပါသလဲလို့ သတင်းထောက် တစ်ယောက်က မေးမြန်းရာမှာ ပြောခွင့်ရပုဂ္ဂိုလ် Ms.Nuland က - အချုပ်အခြာ အာဏာပိုင် နိုင်ငံ တစ်နိုင်ငံ အနေနဲ့ ဘယ်အခြေအနေမှာ မဆို IMF ရဲ့ အကူအညီကို လက်ခံနိုင် သလို ငြင်းပယ်ခွင့်လည်း ရှိပါတယ်။ ဘယ်နိုင်ငံ မဆို ဒီအခွင့်အရေး ရှိပါတယ်၊ တကယ်လို့ မြန်မာက IMF ရဲ့အကူအညီကို လက်ခံလိုတယ်ဆိုရင် IMF က ချမှတ်ထားတဲ့ မူတွေ ဘောင်တွေ စည်းမျဉ်းစည်းကမ်းတွေ အတိုင်း လိုက်နာရမှာပါပဲ၊ အကူအညီ ယူမယူ ဆိုတာ မြန်မာနိုင်ငံက ရွေးချယ်ရမှာပါလို့ ဖြေကြားသွားပါတယ်။

တနင်္လာနေ့ကတော့ IMF ပြောခွင့်ရသူက နိုင်ငံခြားငွေ လဲလှယ်နှုန်း ပြုပြင်ပြောင်းလဲရေး အတွက် အကူအညီပေးဖို့ မြန်မာအစိုးရရဲ့ဖိတ်ကြားချက် အရ လာမယ့် အောက်တိုဘာလမှာ IMF အရာရှိတွေ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-08-10 01:07

When did they Follow the International Rules & Regulations?