ပြင်သစ်လူ့အခွင့်အရေးဝန်ကြီး နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ တွေ့

ပြင်သစ် လူ့အခွင့်အရေး ဝန်ကြီး (မစ္စတာ ဖရန်စွာ ဒင်မာရေး)နဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ် သံအမတ်ကြီးတို့ အဖွဲ့ဟာ မကြာသေးမီက ပြန်လည် လွတ်မြောက်လာကြတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ၂၀ ကျော်ကို အင်န်အယ်လ်ဒီ ပါတီရုံးချုပ်မှာ ဒီကနေ့ မနက်က တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

2011.11.22

ပြင်သစ် လူ့အခွင့်အရေး ဝန်ကြီးဟာ နေပြည်တော်မှာ အစိုးရ အာဏာပိုင်တွေနဲ့ မနက်ဖြန်မှာ တွေ့ဆုံဖို့ရှိပြီး အကျဉ်းထောင်တွင်း လူ့အခွင့်အရေး အချိုးဖောက်ခံနေရတဲ့ ကိစ္စတွေကို ဆွေးနွေးသွားဖို့ ရှိတယ်လို့ ပြောကြားကြောင်း အင်န်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောပါတယ်။

မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှာ ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်းတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက ပြောဆိုကြသလို အကျဉ်းသားတွေရဲ့ ခံစားခွင့်တွေ ပိုမို ကောင်းမွန် လာရေးအတွက် တိုက်တွန်း ဆောင်ရွက်ပေးတဲ့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ အကျဉ်းထောင်တွင်း ဝင်ရောက်စစ်ဆေး ကူညီခွင့်တွေကို ၂၀၀၆ ခုနှစ်က စလို့ အခုထိ ပိတ်ပင် ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။