ပျက်စီးသွားတဲ့ လယ်မြေတွေအတွက် တောင် သူတွေ လျော်ကြေးတောင်းဆို


2017.06.08
hteegyant-farmers-protect-620.jpg ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာက တောင်သူတွေ လျှော်ကြေးရဖို့ ဇွန်လ ၈ ရက်နေ့က ဆန္ဒပြစဉ်
.

စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးအစပ်မှာရှိတဲ့ ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာက တကောင်း နီကယ်စက်ရုံကနေ စွန့်ပစ်တဲ့ မြေစာပုံတွေကြောင့် ပျက်စီးသွားတဲ့ လယ်ယာမြေတွေအတွက် လျော်ကြေးပေး ဖို့ ဒေသခံတောင်သူ ၉ဝ နီးပါးက ဒီကနေ့ဆန္ဒပြ တောင်းဆိုကြပါတယ်။

အဲဒီစက်ရုံက စွန့်ပစ်မြေစာတွေဟာ မိုးရာသီမှာ ချောင်းမြောင်းတွေကနေတဆင့် လယ်ယာမြေတွေထဲကို ဝင်ရောက်ပြီး ၃ ပေလောက်အထိ မြေနီတွေ ဖုံးလွှမ်းသွားတယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ မောင်း ကုန်းကျေးရွာ က ဒေသခံတောင်သူ ဦးထွန်းကြည်က ပြောပါတယ်။

"မြေနီတွေက တောင်သူတွေထဲကျတော့ စစ်ကိုင်းတိုင်းထဲက တောင်သူတွေရော၊ မန္တလေးတိုင်း က တောင်သူတွေရော နှစ်တိုင်းလုံးကျတာပေါ့။ မိုးတွင်းကာလကျတော့ မိုးရေတွေနဲ့ မိုးရွာ ပြီးတော့ ချောင်းမြောင်းတွေထဲကနေ ချောင်းရေနဲ့ အကုန်လုံး မြေနီတွေပါပြီးတော့ ကျနော် တို့ တောင်သူလယ်သမားတွေရဲ့ လယ်တွေထဲကို မြေနီတွေ ဖုံးလွှမ်းတာ။ ဘယ်လောက်ဖုံးလွှမ်း လည်းဆိုတော့ သုံးပေကျော် လောက်အထိ ရှိတယ်။"

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်ထဲက ပိတောက်ကုန်းနဲ့ မောင်းကုန်းကျေးရွာ၊ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်ထဲက သာယာကုန်း၊ အင်းနက်၊ လျှော်ပင်ကုန်း၊ တောင်တလုံး၊ သွေး ကျောက်၊ ဥသျှစ်ကုန်း စတဲ့ကျေးရွာတွေက လယ်မြေတွေထဲကို တကောင်းနီကယ် စက်ရုံက မြေစာတွေ နှစ်စဉ်ဖုံးလွှမ်းနေတာ ဖြစ် ပါတယ်။

အဲဒီစက်ရုံက စွန်ပစ်မြေစာတွေဟာ ၂ဝ၁၂ ခုနှစ်ကတည်းကစတင်ပြီး လယ်ယာမြေ ဧက ၄၇ဝ ကို နှစ်စဉ် ဖုံးလွှမ်း ခဲ့တာဖြစ်ပြီး အခုနှစ်မှာလည်း လယ်ယာမြေတွေကို မြေစာ ဖုံးလွှမ်းတဲ့ဒဏ် ခံနေရတုန်းပဲလို့ တောင်သူတွေ က ပြောပါတယ်။

ဒီကနေ့ ဆန္ဒပြသူတွေဟာ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်ကနေ စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာမှာရှိတဲ့ တကောင်းနီကယ်စက်ရုံရှေ့အထိ ချီတက်ဆန္ဒပြကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။