အရင်အစိုးရလက်ထက် ဒေသဖွံ့ ဖြိုးရေး အသုံးစရိတ်တွေကို စိစစ် မည်


2017.06.09
u-maw-than-620.jpg ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း ကို တွေ့ရစဉ်
Photo: Win Ko Ko Latt\RFA

ယခင်အစိုးရလက်ထက်က တိုင်းနဲ့ ပြည်နယ်အလိုက်သုံးစွဲခဲ့တဲ့ ဒေသဆိုင်ရာဖွံ့ဖြိုးရေး အသုံးစရိတ် တွေကိုပြန် လည်စိစစ်မယ်လို့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် ခေတ္တ နားချိန်မှာ သတင်းထောက်တွေကို ပြောပါတယ်။

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့ လုပ်ရိုးလုပ်စဉ်က ရငွေ၊ သုံးငွေပဲစစ် တာဖြစ်ပြီး အခုကိစ္စက သမ္မတရဲ့ အထူးတာဝန်ပေးချက်အရဖြစ်တယ်လို့ ပြောပါ တယ်။

"အထူးတာဝန်ပေးချက်အရပေါ့ လုပ်ရိုးလုပ်စဉ်ကတော့ ရငွေသုံးငွေပဲ၊ အထူးကိစ္စရပ်ကတော့ အခြေခံဥပဒေထဲမှာ ရငွေသုံးငွေ စစ်ဖို့ပါတယ်၊ အထူးစစ်တဲ့ဥစ္စကျရင်တော့ သမ္မတရုံးကနေပြီးတော့ ညွှန်ကြားချက်အရပေါ့၊ ကာလသတ်မှတ်တာတော့ သတ်မှတ်လို့မရဘူးလေ"

အဲဒီကိစ္စလုပ်ဆောင်ဖို့ ပြည်နယ်နဲ့တိုင်းအသီးသီးက စာရင်းစစ်ရုံးတွေကို ညွှန်ကြားထားပြီးဖြစ် တယ်လို့လည်း ဦးမော်သန်းက ပြောပါတယ်။

စစ်ဆေးမှုတွေကို လာမယ့် စက်တင်ဘာလမှာပြီးဆုံးမယ် ခန့်မှန်းပေးမယ့် လုပ်ငန်းပမာဏကြီးမားတဲ့ အတွက် တိတိကျကျမပြောနိုင်သေးဘူးလို့ဦးမော်သန်းက ပြောပါတယ်။

မကွေးတိုင်းမှာ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ၇ ဘီလီယံနဲ့ ဧရာဝတီတိုင်း ၅ ဘီလီယံ ခန့် သုံးစွဲမှုတွေနဲ့ပတ် သက်ပြီးပြန် လည်ရှင်းလင်းရတာတွေ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။