နိုင်ငံရေးအကျဉ်းသား မိသားစုတွေ ကူညီထောက်ပံ့ဖို့ ဈေးရောင်းပွဲ NLD လုပ်မည်
2010.12.29
လွတ်လပ်ရေးနေ့အခမ်းအနားကို ယခင်နှစ်တွေနဲ့ မတူဘဲ ထူးခြားစွာ ကျင်းပရာမှာ ဈေးရောင်းပွဲတော် ပါဝင်မှာ ဖြစ်ကြောင်း၊
ဇန္နဝါရီလ ၂ ရက် နဲ့ ၃ ရက်နေ့ အဖွဲ့ချုုပ်ရုံးရှေ့မှာ NLD အဖွဲ့ဝင်တွေက ဈေးရောင်းပွဲ ကျင်းပပြီး
နိုင်ငံရေး အကျဉ်းသားတွေကို ကူညီထောက်ပံ့ဖို့ ဆောင်ရွက်မဲ့အကြောင်း၊ နိုင်ငံရေး အကျဉ်းသားများရဲ့
မိသားစုဝင်တွေကို ပေးအပ်မှာ ဖြစ်ကြောင်း NLD ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်
ဦးအုန်းကြိုင်က ပြောပါတယ်။
NLD အဖွဲ့ဝင်တွေရဲ့ ရံပုံငွေဈေးရောင်းပွဲမှာ NLD တံဆိပ်ပါ အဝတ်အထည်တွေနဲ့ အမှတ်တရ လက်ဆောင် ပစ္စည်းတွေ၊
အစားအစာ နဲ့ အခြား လူသုံးကုန်တွေကို ရောင်းချပြီး ရရှိတဲ့ ရံပုံငွေကို လူမှု အထောက်အကူပြု အဖွဲ့ကို ပေးအပ်မယ်လို့ ဆိုပါတယ်။
အဲဒီ ဈေးရောင်းပွဲကို မနက် ၈ နာရီမှာ စတင်မယ်လို့သိရပါတယ်။