နန်းမိုဟွမ်ကို ပြန်လွှတ်ပေးဖို့ TNLA သဘောတူလိုက်တယ်လို့ FPNCC ကြေညာချက်ထုတ်
2018.10.10

ရှမ်းအမျိုးသမီး နန်းမိုဟွမ်ကို ပြန်လွှတ်ပေးဖို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က သဘောတူလိုက်တယ်လို့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
နန်းမိုဟွမ်ရဲ့ မိသားစုဝင်တွေနဲ့ နမ့်ခမ်းမြို့နယ် ရှမ်းလူမှုအဖွဲ့အစည်း ၁၀ ဖွဲ့က စေလွှတ်တဲ့ ကိုယ်စားလှယ် ၄ ဦးနဲ့ TNLA တာဝန်ရှိသူတွေနဲ့ "ဝ" ပြည်နယ် ပန်ခမ်းမြို့ ပြင်ပဆက်ဆံရေးဌာန အစည်းအဝေးခန်းမမှာ မနေ့က တိုက်ရိုက်ဆွေးနွေးခဲ့တယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။
တေ့ွဆုံရာမှာပါဝင်တဲ့ ရှမ်းလူမှုအဖွဲ့အစည်း ကိုယ်စားလှယ် စိုင်းသိန်းရွှေက ပြောပါတယ်။
နန်းမိုဟွမ်ဟာ သက်ဆိုင်ရာကိစ္စမှာ မှားယွင်းမှုရှိခဲ့တာကို ကိုယ်တိုင်ဝန်ခံခဲ့တာကြောင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တာလို့ သိရပါတယ်။ ဒါကြောင့် နန်းမိုဟွမ် မိသားစုဝင်တွေနဲ့ နမ့်ခမ်းမြို့နယ် ရှမ်းလူမှုအဖွဲ့အစည်းတွေက နန်းမိုဟွမ်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ မေတ္တာရပ်ခံခဲ့ကြောင်း TNLA ကလည်း နန်းမိုဟွမ်ကို ခွင့်လွှတ်ပေးပြီး အမြန်ဆုံးလွှတ်ပေးဖို့ သဘောတူခဲ့ကြောင်း FPNCC ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
TNLA က အကောက်ခွန်ဝန်ထမ်းတွေကို အပြင်းအထန် နာကျင်စေမှုနဲ့ TNLA အဖွဲ့ရဲ့ ရာဇသတ်ကြီး ပုဒ်မ ၃၃၃ နဲ့ နန်းမိုဟွမ်ကို သြဂုတ်လ ၁၇ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။