ရွေးကောက်ပွဲ မဲမသမာမှုများကို သမိုင်းမှတ်တမ်းတင်
2010.11.26

ထိုင်းမြန်မာ နယ်စပ်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေသူတွေ စုပေါင်းပြီး “ရွေးကောက်ပွဲ ခြေရာခံအဖွဲ့” ဆိုတဲ့အဖွဲ့ ဖွဲ့စည်းပြီး နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ အခြေအနေတွေကို တင်ပြထားတာပါ။ ဒီအဖွဲ့ရဲ့ လေ့လာ တွေ့ရှိချက်အရ ရွေးကောက်ပွဲ မဲမသမာမှု ၄၅၀ လောက် တွေ့ရတယ်လို့ သိရပါတယ်။ အဲ့ဒီ တွေ့ရှိ တင်ပြချက်တွေကို မြန်မာ့သမိုင်း မှတ်တမ်းတခုအဖြစ် အပြည်ပြည်ဆိုင်ရာက သိရှိအောင် လုပ်ဆောင်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဖွဲ့ ကဒေါ်ခင်ဥမ္မာက ခုလိုပြောပါတယ်။
ရွေးကောက်ပွဲက ဘယ်လောက်တောင် ပြည်သူ့ရဲ့ သဘောဆန္ဒ မပါဘဲနဲ့ မတရား လုပ်သွားတဲ့ ရွေးကောက်ပွဲလဲ ဆိုတာကို ကျမတို့က ကမ္ဘာကို သိစေချင်တယ်။ ဒါ ကျမတို့နိုင်ငံရဲ့ သမိုင်းပဲ
သတင်းစာရှင်းလင်းပွဲမှာ ဒေါ်ခင်ဥမ္မာက “ရွေးကောက်ပွဲခြေရာခံအဖွဲ့” အကြောင်း တင်ပြခဲ့သလို “ရွေးကောက်ပွဲနဲ့ တိုင်းရင်းသားနယ်မြေတွေ” အကြောင်းကို နော်ကညော်ဖော က တင်ပြခဲ့ပြီး “ရွေးကောက်ပွဲအပြီး နိုင်ငံရေးအခင်းအကျင်း” အကြောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးမိုးဇော်ဦးက တင်ပြသွားပါတယ်။
ဒီ သတင်းစာရှင်းလင်းပွဲကို ထိုင်းနိုင်ငံမှာရှိတဲ့ သတင်းစာ၊ ရုပ်မြင်သံကြားနဲ့ နိုင်ငံတကာ သတင်းထောက်တွေ တက်ရောက်ခဲ့ကြပြီး သတင်းစာရှင်းပွဲဟာ ညနေ ၄ နာရီမှာ ပြီးဆုံးသွားပါတယ်။
ဒီအကြောင်း အပြည့်အစုံကို အာအက်ဖ်အေ ဝိုင်းတော်သား ဦးတင်အောင်ခိုင်က သတင်းပေးပို့ထားပါတယ်။
![]() |
သတင်းပေးပို့ချက်။ |
![]() |
အသံဖိုင်ယူရန်။ |