မြန်မာစစ်တပ်အပေါ် ပိတ်ဆို့မှု EU သက်တမ်းတိုး


2018.04.26
army-day-2016-622.jpg ၂၀၁၆ ခုနှစ် တပ်မတော်နေ့ အခမ်းအနားမှာ စစ်ရေးပြနေစဉ်
Photo: RFA

ဥရောပနိုင်ငံများအဖွဲ့ EU ရုံးဆိုက်ရာ ဘရပ်ဆဲလ်မြို့က မနေ့က လာတဲ့သတင်းအရ မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းဝယ်မှုပိတ်ပင်တဲ့ ပြဌာန်းချက်ကို EU ကနောက်ထပ်တနှစ် သက်တမ်းတိုးမယ်လို့ သိရပါတယ်။

လက်ရှိပိတ်ပင်မှုဟာ ဒီလအကုန်အထိဖြစ်တဲ့အတွက် အချိန်မီတိုးချဲ့ကြောင်း ကြေညာမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နောက်ဆက်တွဲ အနေနဲ့ မြန်မာ ဗိုလ်ချုပ်ကြီးတွေအပေါ် ပိတ်ဆို့မှုတွေ ပိုမိုတိုးချဲ့ပြဌာန်းဖို့လည်း EU က စီစဉ်နေပြီး အဲဒီတိုးချဲ့မှုကိုတော့ လာမယ့် မေလ သို့မဟုတ် ဇွန်လအတွင်း ကြေညာမယ်လို့ ဥရောပသမဂ္ဂ အသိုင်းအဝန်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။