ပီအာရ်စနစ် မကျင့်သုံးဖို့၊ မတရားအသင်းပုဒ်မပယ်ဖျက်ဖို့ တိုင်းရင်းသား ၁၅ ပါတီ တောင်းဆို


2013.06.12
ethnic-party-305.jpg ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ဇွန်လ ၁၁ ရက်နေ့ကစတင် ပြီး နှစ်ရက်ကြာကျင်းပခဲ့တဲ့ ၁၅ ကြိမ်မြောက် ညီနောင်တိုင်းရင်း သားပါတီများ ဖက်ဒရေးရှင်း ၁၅ ပါတီ တွေ့ဆုံညှိနှိုင်းဆွေးနွေး ပွဲကို တွေ့ရစဉ်
photo: RFA/ Kyaw Myo Tun

ရွေးကောက်ပွဲမှာ PR ခေါ် အချိူးကျရွေးချယ်မှုစနစ် ကျင့်သုံးရေးကိစ္စကို ကန့်ကွက်ကြောင်းနဲ့ မတရားအသင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၇ ()() ကို ပယ်ဖျက်ပေးဖို့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း ၁၅ ပါတီက တောင်းဆိုလိုက်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရုံးချုပ်မှာ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ ၁၅ ကြိမ်မြောက် ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း ၁၅ ပါတီ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲမှ အချက် ၆ ချက်ပါ သဘောထားကြေငြာချက်ကို ဒီကနေ့ ညနေပိုင်းမှာ ထုတ်ပြန်ခဲ့တာပါ။

လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်ဆံဖို့ အင်မတန်ခက်ခဲတဲ့အတွက် မတရားအသင်းဆိုင်ရာဥပဒေကို ပယ်ဖျက်ပေးဖို့ တောင်းဆိုရတာဖြစ်တယ်လို့ "" အမျိုးသားစည်းလုံးညီညွှတ်ရေးပါတီမှ ဗဟိုအလုပ်အမှုဆောင် ဦးဆမ်နပ်က RFA ကို အခုလို ပြောပါတယ်။

"ဘာဖြစ်လို့လဲဆိုတော့ ဒီဥပဒေပုဒ်မ ၁၇ ()က ကျနော်တို့ နိုင်ငံရေးပါတီရော၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အနေနဲ့ရော၊ ဒီလိုမျိုး လက်နက်ကိုင်အဖွဲ့အစည်းနဲ့ ဆက်သွယ်ဖို့ ပြောဆိုတာ အင်မတန်မှခက်ခဲလို့ ကျနော်တို့က ဒီပုဒ်မကို ရှုတ်ချတာပါ"

အဲဒီသဘောထားကြေငြာချက်မှာ ဖက်ဒရယ်ပြည်ထောင်စုပါတီသစ် ဖွဲ့စည်းတည်ထောင်ရန်၊ အချိုးကျကိုယ်စားပြုစနစ်(PR System)ကို ကန့်ကွက်ကြောင်း၊ မတရားအသင်းဆိုင်ရာအက်ဥပဒေပုဒ်မ ၁၇ ()() နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂ (က) ပုဒ်မခွဲ() တို့ကို ပယ်ဖျက်ပေးရန် စတဲ့အချက်တွေ ပါဝင်ပါတယ်။

ရှမ်းပြည်နယ် တောင်ကြီးမြို့က ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူ) ရုံးချုပ်မှာ ပြုလုပ်တဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း(NBF) ရဲ့ ၁၅ ကြိမ်မြောက် ဆွေးနွေးပွဲမှာ တောင်းဆိုချက် ၆ ချက်ပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

ဒီအကြောင်းကို RFA သတင်းထောက် မဇင်မာဝင်းက ကောက်နှုတ်တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။