အမျိုးသားပညာရေး ဥပဒေမူကြမ်း ဗကသ ကန့်ကွက်
2014.04.29

ပြည်သူ့လွှတ်တော်က အတည်ပြုထားတဲ့ အမျိုးသား ပညာရေး ဥပဒေမူကြမ်းကို ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကန့်ကွက် လိုက်ပါတယ်။
"အစည်းအဝေးကတော့ ကျမတို့ ညီလာခံ ပြင် ဆင်ရေးအတွက် ခေါ်တဲ့ အစည်းအဝေးဖြစ်ပေမဲ့ ဒီမှာက မျက်နှာဆုံညီကျောင်းသားတွေ အားလုံး တွေ့ကြတဲ့အခါကြတော့ ပြည်သူ့ လွှတ်တော် က သိပ်မကြာခင် အတောအတွင်းက အတည်ပြုထားတဲ့ အမျိုးသားပညာရေး ဥပဒေမူကြမ်းက ကျောင်းသားသမဂ္ဂတွေ အတွက်ကော အနာဂတ်ပညာရေးအတွက်ကော သိပ်ကိုအရေးကြီးတဲ့အခါကြတော့ အရေးကြီးတဲ့ ခေါင်းစဉ်တစ်ခုအနေနဲ့ အဲ့ဒါကိုထည့်သွင်း ဆွေးနွေးတယ်၊ နောက် ပြီးတော့ ကျမတို့ အားလုံးဝိုင်းဝန်းပါဝင်ထားတဲ့ NNER ရဲ့ပညာရေး ပေါ်လစီနဲ့ နှိုင်းယှဉ်ဆွေးနွေးပြီးတော့ ကျမတို့ ဒီဟာကို ဆန့်ကျင်ကန့်ကွက်ကြောင်း လက်မခံနိုင်ကြောင်း ကြေညာချက်ထုတ်ဖို့ အားလုံးက သဘောတူခဲ့ကြတယ်။"
အစည်းအဝေးကနေ ဗကသများအဖွဲ့ချုပ်ရဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားညီလာခံ ကျင်းပနိုင်မယ့် လုပ်ငန်းစဉ်တွေ ချမှတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဗကသများ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။