နိုင်ငံရေးဆွေးနွေးမှုအတွက် မူဘောင်ချဖို့ မိုင်ဂျာယန်မှာ ညှိနှိုင်းဆဲ


2016.07.29
eao-plenary-620.jpg ကချင်ပြည်နယ် မိုင်ဂျာယန်မြို့မှာကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများရဲ့ မျက်နှာစုံညီ အစည်းအဝေးကို တွေ့ရစဉ်
Photo: Ye Htet/RFA

တိုင်းရင်းသားတွေရဲ့ မိုင်ဂျာယန်အစည်းအဝေး ၄ ရက်မြောက်နေ့မှာ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ အားလုံး သဘောတူညီတဲ့ မူဘောင်တွေ ချမှတ်နိုင်ရေးအတွက်  ဆွေးနွေးခဲ့ကြတယ်လို့ ကေအဲန်ယူ ဒုတိယ ဥက္ကဌ  ပဒို နော်စီဖိုးရာစိန် က ပြောပါတယ်။

"ဒီအချက်တွေဟာ နိုင်ငံရေးအရ ရှေ့ဆက်သွားနိုင်ရန် အရေးကြီးတဲ့ကိစ္စရပ်များဖြစ်တဲ့အပြင် သက်ဆိုင် ရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ သဘောတူညီမှုရရှိဖို့လိုတယ်၊ ဒါ့အပြင် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေအားလုံးက သဘောတူညီမှု မရရှိသေး ကိစ္စရပ်များဖြစ်ပါတယ်"

အစည်းအဝေး မနက်ပိုင်းမှာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီယား က အားပေး နှုတ်ဆက် စကား ပြောခဲ့ပါတယ်။

ကုလသမဂ္ဂအနေနဲ့ မြန်မာပြည် ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ တခြားအဖွဲ့အစည်းတွေနဲ့ အတူ ပါဝင်ဆောင်ရွက်ပြီး အားပေးကူညီသွားမှာဖြစ်ပါတယ်။ အဲ့ဒီလို ကူညီမှုတွေကို ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ဖို့လည်း ရည်ရွယ်ထားပါတယ် လို့ မစ္စတာ နမ်ဘီးယားက ပြောဆိုသွားတာပါ။

တရုတ်နိုင်ငံခြားရေးဌာနရဲ့ အာရှရေးရာ အထူးသံတမန် မစ္စတာ စုကို့ရှမ်း ကလည်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပါတ်သက်လို့ အခုလို အကြံပေးခဲ့ပါတယ်။

"ခုနက မစ္စတာ နမ်ဘီးယား ပြောတဲ့စကားကို အကုန်လုံးသဘောတူပါတယ်။ အစည်းအဝေး မှာ ဆွေးနွေးမယ့်ကိစ္စတွေမှာလဲ ရေတိုကိစ္စလည်းရှိပါတယ် ရေရှည်ကိစ္စလည်း ရှိပါတယ်။ ကျနော်ထင်တယ် လွယ်မယ့်ကိစ္စကို အရင်ဆွေးနွေးဖို့ သဘောတူညီချက်ရဖို့ အရေးကြီးပါတယ်"

ကုလသမဂ္ဂနဲ့ တရုတ် သံတမန် ၂ ဦးဟာ အမှာစကားတွေ ပြောကြားပြီးနောက် မိုင်ဂျာယန် က ပြန်သွားကြ ပါတယ်။ ဒီအစည်းအဝေးကို မူလက ဇူလိုင်လ ၂၉ ရက် နေ့အထိ သတ်မှတ်ခဲ့ပေမယ့် မနက်ဖြန် ၃ဝ ရက်နေ့ထိ တစ်ရက်တိုးဆွေးနွေးမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။