ဂွမ်ဂျူး လူ့အခွင့်အရေးဆု ၂၀၂၂ ခုနှစ်အတွက် ဒေါက်တာ စင်သီယာမောင် ရရှိ

2022.05.03
ဂွမ်ဂျူး လူ့အခွင့်အရေးဆု ၂၀၂၂ ခုနှစ်အတွက် ဒေါက်တာ စင်သီယာမောင် ရရှိ ၂၀၂၂ ခုနှစ်အတွက် ဂွမ်ဂျူး လူ့အခွင့်အရေးဆုရရှိသည့် ဒေါက်တာ စင်သီယာမောင်ကို တွေ့ရစဉ်
Photo: KIC

တောင်ကိုရီးယားနိုင်ငံက စစ်အာဏာရှင်ကို တော်လှန်ခဲ့တဲ့ ဂွမ်ဂျူးမြို့ (Gwangju) မေလ ၁၈ အမှတ်တရ ဖောင်ဒေးရှင်းက ချီးမြှင့်တဲ့ ၂၀၂၂ ခုနှစ်အတွက် လူအခွင့်အရေးဆိုင်ရာ ဂွမ်ဂျူး (Gwangju) ဆုကို မြန်မာနိုင်ငံက ဒုက္ခသည်တွေအရေး ဆောင်ရွက်သူ ဒေါက်တာ စင်သီယာမောင်ကို ချီးမြှင့်မှာဖြစ်တယ်လို့ ဒီကနေ့ ကြေညာလိုက်ပါတယ်။

ဒေါက်တာစင်သီယာမောင်ဟာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ မယ်တော် ဆေးခန်းကို တည်ထောင်ပြီး မြန်မာနိုင်ငံသား ဒုက္ခသည်တွေနဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေကို အကူအညီပေးနေသူ ဖြစ်ပါတယ်။

ဆုချီးမြှင့်တဲ့ မေ ၁၈ အမှတ်တရ ဖောင်ဒေးရှင်းရဲ့ ထုတ်ပြန်ချက်မှာ ဒေါက်တာ စင်သီယာမောင်ဟာ ထောင်နဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်အောင် အကူအညီပေးခဲ့သူ တစ်ဦးအနေနဲ့ ဒီဆုကို ချီးမြှင့်တာလို့ ဖော်ပြထားပါတယ်။

ဒီဂွမ်ဂျူး လူ့အခွင့်အရေးဆုကို ၂ဝဝဝ ပြည့်နှစ်ကစပြီး နှစ်စဉ် ချီးမြှင့်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၄ ခုနှစ်ကနဲ့ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို ၂၀၀၉ ခုနှစ်က အသီးသီး ဆုချီးမြှင့်ခဲ့ဖူးပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။