နှိပ်စက်ပြီး ဖြောင့်ချက်ပေးခိုင်းကြောင်း ဗုံးပေါက်ကွဲမှုဖြင့် အဖမ်းခံရသူများ ပြောကြား

၂၀၁၀ ဧပြီလတုန်းက ရန်ကုန်မြို့ X2O သြင်္ကန်မဏ္ဍပ်ရှေ့ ဗုံးကွဲမှုနဲ့ စွပ်စွဲ ဖမ်းဆီးခံထားရတဲ့ လူငယ် ၅ ဦးကို မကြာခင် ရက်ပိုင်းမှာ စစ်အစိုးရက ထောင်ဒဏ် စီရင်တော့မယ်လို့ ကြားသိရပါတယ်။

2011.02.16
bomb_ambulance_305_z.jpg ရန်ကုန်မြို့၊ ကန်တော်ကြီးနဘေးရှိ X2O သြင်္ကန်မဏ္ဍပ်တွင် ၂၀၁၀ ဧပြီ ၁၅ ရက် သြင်္ကန်အကြတ်နေ့က ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲသဖြင့် ထိခိုက်ဒဏ်ရာရသူများကို လူနာတင်ယာဉ်ပေါ်သို့ တင်ဆောင်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

အဲဒီလူငယ်တွေကတော့ ကိုဘိုဘိုသိန်း၊ ကိုသော်ဇင်၊ ကိုမျိုးကြီးနဲ့ အခြားလူငယ် ၂ ဦးတို့ပါ။

 သူတို့ဟာ ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်မှာ ရုံးခန်းတခု ဖွင့်ပြီး ပြည်ပနိုင်ငံတွေကို ငါးတင်ပို့တဲ့ လုပ်ငန်း လုပ်နေကြသူတွေလို့ သိရပါတယ်။

အဲဒီလူငယ်တွေကို ဖမ်းဆီးစစ်ဆေးတုန်းက ညှဉ်းပန်းနှိပ်စက်ပြီး သူတို့ မကျူးလွန်တဲ့အမှုကို အတင်းအကျပ် ဝန်ခံခိုင်းခဲ့တယ်လို့လည်း မိသားစုဝင်တွေကနေတဆင့် သိရပါတယ်။ အခုတော့ စစ်အစိုးရက သူတို့ကို ပုဒ်မအမျိုးမျိုးနဲ့ ရုံးတင် စစ်ဆေးနေပြီး မကြာခင် ရက်ပိုင်းမှာ စီရင်ချက် ချမှတ်တော့မှာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ကိုဘိုဘိုသိန်းရဲ့ ဖခင် ဦးဟန်သိန်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-02-26 06:01

YESTERDAY I ALREADY READ