တေးရေး နိုင်မြန်မာ ကွယ်လွန်
2025.02.06
ရှစ်လေးလုံး အရေးတော်ပုံရဲ့ နာမည်ကျော် သီချင်းတစ်ပုဒ်ဖြစ်တဲ့ “ကမ္ဘာမကျေဘူး” သီချင်းကို ရေးစပ်ခဲ့သူ တေးရေး နိုင်မြန်မာ ဖေဖော်ဝါရီ ၇ ရက် ဒီနေ့မနက် ၇ နာရီ ၄၅ မိနစ်က ရန်ကုန်တိုင်း သန်လျင်မြို့ နေအိမ်မှာ ကွယ်လွန်သွားတယ်လို့ နိုင်မြန်မာရဲ့ ဇနီးဖြစ်သူက RFA ကို ပြောပါတယ်။
အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ နိုင်မြန်မာဟာ ရောဂါကြီးကြီးမားမားမရှိဘဲ နှလုံးလေဟပ် ဆုံးပါးသွားတာလို့ ဇနီးဖြစ်သူက ပြောပါတယ်။
“နှလုံးလေဟပ်သွားတာ ထလိုက်တဲ့အချိန်မှာပဲ အာရုံကြောပြတ်ပြီး ချက်ချင်းဆုံးသွားတာပါပဲ။ မဆုံးခင်ကတော့ ရောဂါကြီးကြီးမားမား မရှိပါဘူး”
ရုပ်အလောင်းကို ဖေဖော်ဝါရီလ ၉ ရက်နေ့ ရန်ကုန်မြို့ ရေဝေးသုသာန်မှာ သင်္ဂြိုဟ်မယ်လို့ သူက ပြောပါတယ်။
တေးရေးနိုင်မြန်မာဟာ ကမ္ဘာမကျေဘူး၊ ဝါဆို၊ ဒုံးယိမ်းည၊ ပလက်ဖောင်းရှိုး စတဲ့ လူသိများတဲ့ သီချင်းတွေအပါအဝင် သီချင်းအများအပြား ရေးသားခဲ့ပါတယ်။
နိုင်မြန်မာရဲ့ သားဖြစ်သူ အဆိုတော်ဗျူဟာကို လျှပ်စစ်မီးမှုပြတ်တောက်မှုအပေါ် ဝေဖန်တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီက ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ ထောင်ဒဏ် နှစ် နှစ်ဆယ် ချမှတ်ထားပါတယ်။