မြန်မာပြည်သူတွေကို မျက်နှာမူတဲ့ မူဝါဒ လက်ကိုင်ထားကြောင်း တရုတ်သံအမတ်ပြော

RFA Burmese
2024.09.28
မြန်မာပြည်သူတွေကို မျက်နှာမူတဲ့ မူဝါဒ လက်ကိုင်ထားကြောင်း တရုတ်သံအမတ်ပြော ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးတွင် ကျင်းပသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်း ၇၅ နှစ်ပြည့် အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စ မာကျား (Ma Jia) အား တွေ့ရစဉ်။
Chinese Embassy in Myanmar

သံတမန်ဆက်ဆံရေးမှာ မြန်မာနိုင်ငံကို အရေးကြီးတဲ့နေရာမှာ အမြဲထားပြီး မြန်မာပြည်သူတစ်ရပ်လုံးအပေါ် မျက်နှာမူတဲ့ ချစ်ကြည်ရင်းနှီးတဲ့ မူဝါဒကို လက်ကိုင်ထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စ မာကျား (Ma Jia) က ပြောလိုက်ပါတယ်။

စက်တင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှာ ကျင်းပတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်း ၇၅ နှစ်ပြည့် အခမ်းအနားမှာ ပြောခဲ့တာပါ။

သူ့အနေနဲ့ ၂၉ နှစ်အကြာ မြန်မာနိုင်ငံကို ပြန်ရောက်ရှိလာချိန်မှာ မြန်မာနိုင်ငံရဲ့ပြောင်းလဲမှုတွေနဲ့ တရုတ်-မြန်မာချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်မှုတွေ နက်ရှိုင်းကျယ်ပြန့်လာတာကို လက်တွေ့ခံစားရကြောင်းလည်း ထည့်ပြောခဲ့ပါတယ်။

တရုတ်-မြန်မာပြည်သူတွေ စိတ်နှလုံးချင်းဆက်နွှယ်မှုကို အဆက်မပြတ်မြှင့်တင်ပြီး လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မှုကို စဉ်ဆက်မပြတ် ဆောင်ရွက်စေတာဟာ နှစ်နိုင်ငံနဲ့ နှစ်နိုင်ငံပြည်သူတွေကို ပိုမိုကောင်းမွန်တဲ့ အကျိုးဖြစ်ထွန်းစေမယ်လို့လည်း ဆိုပါတယ်။

အဲဒီအခမ်းအနားကို စစ်ကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနဲ့ စစ်ကောင်စီဝန်ကြီးတွေ၊ စစ်ဘက်အရာရှိတွေ တက်ရောက်ခဲ့ကြသလို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးနဲ့ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် စတဲ့ နိုင်ငံရေး ပါတီခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။