ကလေးစစ်သား ၁၀၉ ဦး ပြန်လွှတ်ပေး


2014.09.25
child-soldier-handover-b305 ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၃ ရက်က ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီးပေါ်ရှိ အမှတ် (၁) စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ကလေးစစ်သားများအား မိဘ အုပ်ထိန်းသူထံ ပြန်လည် အပ်နှံသည့် အခမ်းအနား ကျင်းပနေစဉ်။
RFA

မြန်မာနိုင်ငံမှာ အရွယ်မရောက်သေးပဲ စစ်သားအဖြစ် စုဆောင်းခံရတဲ့ ကလေးစစ်သား ၁၀၉ ဦးကို စစ်တပ် ထဲကနေ ဒီကနေ့ အခမ်းအနားနဲ့ နှုတ်ထွက်ခွင့်ပြု လိုက်တယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။

၂ဝ၁၂ က ကလေးစစ်သားပပျောက်ရေး လုပ်ငန်းဆောင်ရွက်မှုစီမံချက်ကို မြန်မာအစိုးရက လက်မှတ် ရေးထိုး သဘောတူခဲ့အပြီးမှာ စုစုပေါင်း ကလေးစစ်သား ၄၇ဝ ကျော် ပြန်လွှတ်ပေးခဲ့ပြီဖြစ်ပြီး အခုအကြိမ်ဟာ ကလေးစစ်သားအရေအတွက် အများ ဆုံး ပြန်လွှတ်ပေးတာလည်းဖြစ်တယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ unicef က ပြောပါတယ်။

ရန်ကုန်မှာကျင်းပတဲ့ ဒီအခမ်းအနားကို ကာကွယ်ရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်နဲ့ ကုသ သမဂ္ဂ ဌာနေကိုယ်စားလှယ် Ms. Renata Dessallien တို့ တက်ရောက်ခဲ့ပါတယ်။

“အခုလို အရွယ်မရောက်ဘဲ စစ်မှုထမ်းနေတဲ့ ကလေးသူငယ်နဲ့ လူငယ် ၁၀၉ ဦးကို ယခုတစ်ကြိမ် ထပ်မံ နှုတ်ထွက်ခွင့်ပေးတာကို ကုလသမဂ္ဂကကြိုဆိုကြောင်း၊ ဒါဟာ မြန်မာအစိုးရနဲ့ တပ်မတော် လက်နက် ကိုင် တပ်ဖွဲ့တွေမှာ ကလေးစစ်သားစုဆောင်းအသုံးပြုတဲ့ အလေ့အထကို အဆုံးသတ်ဖို့ အရှိန်မြှင့် ကြိုးပမ်းနေတာ ထင်ရှားပါတယ်” လို့ ကလေးသူငယ်အခွင့်အရေးများ ချိုးဖောက်မှု စောင့်ကြည့် လေ့လာရေးနဲ့ အစီရင်ခံရေး အထူးတာဝန်အဖွဲ့ရဲ့ ပူးတွဲဥက္ကဌ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး Ms. Dessallien က အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

မြန်မာ့တပ်မတော်အနေနဲ့ ကလေးစစ်သားပပျောက်ရေးကို မဆုတ်မနစ် လုပ်ဆောင်နေတယ်ဆိုတာကို ပြ သနေကြောင်း၊ ဒါပေမဲ့ တဖက်မှာလည်း ဆင်းရဲတဲ့မိသားစုတွေက ကလေးသူငယ်တွေကို ကလေးစစ်သား စုဆောင်းတာတွေကတော့ ကြိုးကြားရှိနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့က တာဝန်ခံ Mr. Bertrand Bainvel က ပြောကြားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။