ညီညွတ်ကြဖို့ ကက်သလစ်ဂိုဏ်းချုပ် ချားလ်စ်မောင်ဘိုတိုက်တွန်း

RFA Burmese
2025.03.20
ညီညွတ်ကြဖို့ ကက်သလစ်ဂိုဏ်းချုပ် ချားလ်စ်မောင်ဘိုတိုက်တွန်း မြန်မာနိုင်ငံ ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘိုအား ၂၀၁၇ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့က တွေ့ရစဉ်။
RFA

မြန်မာနိုင်ငံမှာ သွေးထွက်သံယိုမှုတွေ ဆက်လက်ဖြစ်ပွားချိန်မှာ ညီညွတ်ကြဖို့ ကက်သလစ်ဂိုဏ်းချုပ် ရဟန်းအမတ် ချားလ်စ်မောင်ဘိုက တိုက်တွန်းလိုက်ပါတယ်။

စိန့်မေရီဘုရားကျောင်းတော် (စိန့်မေရီကာသီဒြယ်) မှာ မတ် ၁၉ ရက်က ကျင်းပတဲ့ စိန့်ဂျိုးဇက်ပွဲတော်နေ့ ( ရဟန္တာသံဇူဇယ် ပွဲတော်နေ့) နဲ့ တမီးလ် ဆရာတော်တစ်ပါးကို သိက္ခာတင်ပွဲမှာ တိုက်တွန်းတာပါ။

မြန်မာပြည်သူတွေ နာကျင်စွာခံစားနေရတာတွေကို ကုစားမယ့် မျှော်လင့်ချက်ကို ခုသိက္ခာတင်ခံလိုက်ရတဲ့ ဆရာတော်က ဖန်တီးပေးပါလို့ ရဟန်းအမတ် ချားလ်စ်မောင်ဘိုက တိုက်တွန်းတဲ့အကြောင်း Vatican News က မတ် ၂၀ မှာ ဖော်ပြပါတယ်။

ဒီနေ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးက မငြိမ်မသက်၊ လူတွေက နေရပ်ရွှေ့ပြောင်းရပြီး လူမှုဒုက္ခသောက အဝဝနဲ့ မသေချာတာတွေ၊ အကျပ်အတည်းတွေ ကြုံနေရတယ်လို့လည်း မိန့်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။