မြန်မာပြည်ငြိမ်းချမ်းရေး ကာဒီနယ် ချားလ်စ်မောင်ဘို ဆုတောင်းပေး

RFA Burmese
2025.02.11
မြန်မာပြည်ငြိမ်းချမ်းရေး ကာဒီနယ် ချားလ်စ်မောင်ဘို ဆုတောင်းပေး မြန်မာနိုင်ငံ ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘိုအား တွေ့ရစဉ်။
Photo: RFA

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘိုက ဆုတောင်းပေးခဲ့တယ်လို့ Vatican News က ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ဖော်ပြပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့က ကက်သလစ် ဘုရားကျောင်းတစ်ခုကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၆ ရက်နေ့မှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၉ ရက်နေ့က အခုလို ဆုတောင်းပေးခဲ့တာပါ။

“The Sacred Heart of Jesus” ကက်သလစ်ဘုရားကျောင်းကို ဗုံးကြဲခံရတာကြောင့် အမိုးနဲ့ မှန်ပြတင်းပေါက်တွေ ထိခိုက်မှုရှိခဲ့ပြီး လူသေဆုံးမှုတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် မင်းတပ်မြို့က ခရစ်ယာန်သင်းအုပ် ဆရာတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA က ရရှိထားတဲ့ အချက်အလက်တွေအရ နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘာသာရေး အဆောက်အအုံ ရှစ်ရာနီးပါး ထိခိုက်ပျက်စီးခဲ့ပါတယ်။

ပျက်စီးခဲ့ရတဲ့ ဘာသာရေး အဆောက်အအုံတွေထဲမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံတွေအပြင် ခရစ်ယာန်ဘုရားကျောင်းနဲ့ ဗလီတွေလည်း ပါဝင်ပါတယ်။

ချားလ်စ်မောင်ဘိုဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လုပ်ဆောင်ဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းက သူရဲ့ နှစ်သစ်ကူး သဝဏ်လွှာမှာလည်း တိုက်တွန်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။