ရခိုင်ပြဿနာနဲ့ ရိုက်တာသတင်းထောက်ကိစ္စ ကနေဒါဝန်ကြီး စိုးရိမ်


2018.02.27
chrystia-freeland-622.jpg ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ကုလလူ့အခွင့်အရေးကောင်စီ နှစ်ပတ်လည် အစည်းအဝေးမှာ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Chrystia Freeland ကို တွေ့ရစဉ်
Photo: Chrystia Freeland Twitter

မြန်မာနိုင်ငံမှာ တရားစွဲဆို ဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးကိစ္စနဲ့ ရခိုင်ပြည်နယ်ပြဿနာအတွက် အလွန်တရာ စိုးရိမ်မိကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ မနေ့က စတင်ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ နှစ်ပတ်လည် အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ထွန်းကားဖို့ဆိုရင်၊ သတင်းလွတ်လပ်ခွင့်အပါအဝင် အခြေခံ လွတ်လပ်ခွင့်တွေအပေါ် လေးစားသမှုရှိရပါမယ်၊ ဒါကြောင့် ရခိုင်ပြည်နယ်က ရာဇဝတ်မှုတွေအကြောင်း သတင်း ရေးသားဖေါ်ပြဝံ့တဲ့ ရိုင်တာသတင်းထောက်နှစ်ဦး ဖမ်းဆီးအကျဉ်းချခံထားရတဲ့အပေါ် အလွန်တရာ စိုးရိမ်မိတာဖြစ်ကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Chrystia Freeland က ပြောဆိုခဲ့ပါတယ်။

Chrystia Freeland ဟာ Thomson Reuters Digital သတင်းဌာနရဲ့ အယ်ဒီတာဟောင်းတဦး ဖြစ်ပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။