ကြားဖြတ်ရွေးကောက်ပွဲ လုပ်မည့်ကိစ္စ နိုင်ငံရေးပါတီများကို အကြောင်းမကြား

လွှတ်တော်မှာ လစ်လပ်နေတဲ့ ၄၈ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကို ဧပြီလ ၁ ရက်မှာ ကျင်းပမယ်လို့ မြန်မာအစိုးရပိုင် သတင်းဌာနတွေက မနေ့ညက တရားဝင် ကြေညာခဲ့ပါတယ်။

2011.12.31
election_ballot_box_305_z.png အစိုးရက နိုဝင်ဘာ ၇ ရက်နေ့တွင် ပြုလုပ် မည့် ရွေးကောက်ပွဲ အတွက် ရန်ကုန်မြို့ရှိ မဲရုံတစ်ခုတွင် နိုဝင်ဘာ ၅ ရက်နေ့က မဲပုံးများ ပြင်ဆင်နေပုံ ဖြစ်ပါသည်။
(Photo: AFP)

နိုင်ငံရေး ပါတီတွေကိုတော့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲကော်မရှင်က အသိပေး အကြောင်းကြားတာ မရှိဘူးလို့ ဒီမိုကရက်တစ်ပါတီ-မြန်မာရဲ့ ဥက္ကဋ္ဌ ဦးသုဝေက ဒီကနေ့ ပြောကြားပါတယ်။

ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်မယ့်သူတွေအနေနဲ့ ဇန်နဝါရီ ၃၁ ရက် နောက်ဆုံးထားပြီး အမည်စာရင်း တင်သွင်း လျှောက်ထားကြရမယ်လို့ သိရပါတယ်။

အခုကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်အတွက် နေရာ ၄ဝ၊ အမျိုးသား လွှတ်တော် အတွက် ၆ နေရာနဲ့ တိုင်းဒေသကြီး လွှတ်တော်အတွက် ၂ နေရာ လစ်လပ်နေပါတယ်။

ဒါပေမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ မဲဆန္ဒနယ် ၁၇ ခုရှိတဲ့အတွက် လာမယ့် ရွေးကောက်ပွဲမှာ နေရာ အားလုံးအတွက် ကျင်းပမယ်ဆိုရင် ဝင်ရောက် ယှဉ်ပြိုင်နိုင်တဲ့ မဲဆန္ဒနယ်မြေ ၆၅ ခု ရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆယ် အထိတော့ မဲဆန္ဒနယ် ဘယ်နှခုမှာ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမလဲဆိုတာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တိတိကျကျ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အင်န်အယ်လ်ဒီ ပါတီကတော့ ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်နေရာ အားလုံးမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ ကြေညာထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။