စစ်ကောင်စီကြောင့် တစ်လအတွင်း အမျိုးသမီး ၆၀ ကျော်သေဆုံးခဲ့ကြောင်း BWU ပြော

RFA Burmese
2025.04.16
စစ်ကောင်စီကြောင့် တစ်လအတွင်း အမျိုးသမီး ၆၀ ကျော်သေဆုံးခဲ့ကြောင်း BWU ပြော ချင်းပြည်နယ် မင်းတပ်မြို့နယ် ဖွီကျေးရွာ၌ ၂၀၂၅ ဧပြီလ ၉ ရက်နေ့က လေကြောင်းဗုံးကြဲခံရမှုကြောင့် သေဆုံးသွားသည့် အမျိုးသမီးနှင့် ကလေးများအားတွေ့ရစဉ်။
မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

မြန်မာနိုင်ငံတစ်ဝန်းမှာ ပြီးခဲ့တဲ့ မတ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လက်ချက်ကြောင့် အမျိုးသမီး ၆၆ ဦးသေဆုံးပြီး ၈၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU) က ဧပြီလ ၁၆ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅၀၊ ဒဏ်ရာရသူ ၄၉ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသူ ငါးဦး၊ ဒဏ်ရာရသူ ၂၃ ဦး၊ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ နှစ်ဦး၊ ဒဏ်ရာရသူ ၁၅ ဦး၊ သတ်ဖြတ်ခံရမှုကြောင့် သေဆုံးသူ ခုနစ်ဦး ဖြစ်တယ်လို့ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ မကွေးတိုင်းက ၁၅ ဦးနဲ့ အများဆုံးဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မှာ သေဆုံးသူ ၁၂ ဦးစီ၊ စစ်ကိုင်းတိုင်းမှာ ကိုးဦး၊ ပဲခူးတိုင်းမှာ ခုနစ်ဦး၊ ရခိုင်၊ ကချင်၊ ကယား၊ ကရင်၊ တနင်္သာရီ စတဲ့ ဒေသတွေမှာ နှစ်ဦးစီနဲ့ ဧရာဝတီတိုင်းမှာ တစ်ဦး သေဆုံးခဲ့တာလို့ဆိုပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ တုံ့ပြန်ချက်သိရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

မြန်မာနိုင်ငံမှာ ငလျင်ဒဏ်ကြောင့် ပြည်သူတွေပူဆွေးသောကရောက်နေချိန် စစ်ကောင်စီဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နည်းလမ်းပေါင်းစုံနဲ့ ပြောင်ပြောင်တင်းတင်း ဆက်လက်ကျူးလွန်နေတယ်လို့ မြန်မာ့အမျိုး သမီးသမဂ္ဂ (BWU) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။