အိုးအိမ်ဌာနသိမ်းယူမြေ ပြန်ရရှိရေး ၁၄ ကြိမ်မြောက် ဆန္ဒပြ
2015.05.14

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် အမှတ် ၂ နဲ့ ၃ ရပ်ကွက်မှာ အိုးအိမ်ဦးစီးဌာနက သိမ်းယူခဲ့ တဲ့မြေတွေကို ပြန်ပေးဖို့ မြေပိုင်ရှင် ၃၀ လောက်က ဒီကနေ့ ရန်ကုန်မြို့ ကျိုက္ကဆံကွင်း လူထုဟစ်တိုင် မှာ တောင်းဆိုကြပါတယ်။
အဲဒီမြေတွေဟာ ၁၉၉၁ ခုနှစ်လောက်ကတည်းက အိုးအိမ်ဦးစီးဌာနက သိမ်းဆည်းခဲ့တာဖြစ်ပြီး အိုးအိမ်ဦးစီးဌာနက မြေပိုင်ရှင်တွေကို လျော်ကြေး မပေးသေးတာကြောင့် ဆန္ဒပြတာလို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ ဦးမြင့်အောင်က ပြောပါတယ်။
"မှန်ကန်တဲ့ မြေပိုင်ရှင်ဖြစ်ပါတယ်၊ ကျနော်တို့မြေတွေ က နှစ်ကိုးဆယ် ဂရန်မြေပါ၊ သူတို့ သိမ်းထားစဉ် က နိုင်ငံတော်လိုအပ်ချက် စီမံကိန်းလို့ သိမ်းစဉ် ကာလာကလည်း ဂရန်သက်တမ်း ၃ဝ လောက် ကျန်ပါသေးတယ်၊ မြေသိမ်းဥပဒေတွေမှာ ဂရန်ရှိတယ် မြေပိုင်ရှင်ရှိတဲ့မြေကို သိမ်းဆည်းပိုင်ခွင့်မရှိပါဘူး၊ သိမ်းဆည်းမယ်ဆိုရင်လည်း ပုဒ်မ ၁၈/၁ မှာ မြေပိုင်ရှင်များနဲ့ ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်ပြီးမှသာ ဒီမြေကိုဆောင်ရွက်လို့ရတယ်၊ ဆောင်ရွက် တဲ့နေရာမှာလည်း ကာလပေါက်ဈေး လျော်ကြေးပေးရမယ်"
အခုလက်ရှိမှာ ပိုင်ဆိုင်မှုစာရွက်စာတမ်းပြနိုင်သူ နှစ်ရာကျော်လောက်သာ ရှိတော့တယ်လို့လည်း ပြောပါ တယ်။ မြေနေရာပြန်လည်ရဖို့ ဆန္ဒပြတာဟာ အခုကြိမ်နဲ့ဆိုရင် ၁၄ ကြိမ်မြောက် ဖြစ်ပါတယ်။
အဲဒီမြေနေရာကို အခုချိန်မှာ ကန်ထရိုက်အိမ်တွေ ဆောက်လုပ်နေတယ်လို့ သိရပါတယ်။