ပဲခူးဗုံးခွဲမှုမှာ မတရား ဖမ်းဆီးခဲ့ကြောင်း အာရှလူ့အခွင့်အရေး ကော်မရှင်က ကုလသမဂ္ဂကို တင်ပြ

မနှစ် စက်တင်ဘာလက ပဲခူးမြို့မှာ ဗုံးပေါက်ကွဲခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ စွပ်စွဲ ဖမ်းဆီးခံထားရသူ အရပ်သား (၁၁) ဦးလုံးဟာ မတရားထိန်းသိမ်းး ခံရတာဖြစ်တယ်လို့ အမှုကိုလေ့လာ စောင့်ကြည့် နေတဲ့ ဟောင်ကောင် အခြေစိုက် အာရှလူ့အခွင့် အရေး ကော်မရှင် AHRC က ဒီကနေ့ ထုတ်ပြန် ကြေညာ ပါတယ်

2011.08.19
ahrc-asia1-305 ဟောင်ကောင် အခြေစိုက် အာရှလူ့အခွင့်အရေး ကော်မရှင် AHRC web page တွင် ပဲခူးဗုံးခွဲမှုအကြောင်း ထုတ်ပြန် ကြေညာချက် ဖြစ်ပါသည်။
AHRC

အင်းစိန်ထောင်တွင်း အထူးတရားရုံးက စစ်ဆေးချက်တွေမှာ တရားခံအဖြစ် စွပ်စွဲခံထားရသူတွေ အနေနဲ့ ဗုံးပေါက်ကွဲမှုမှာ ပါဝင် ပတ်သက် ပါတယ်ဆိုတဲ့ သက်သေ အထောက်အထား ခိုင်ခိုင်လုံလုံ မပြနိုင်တဲ့အပြင် အမှုတွဲမှာ ပါဝင်တဲ့ သက်သေခံ ပစ္စည်းတွေကိုလည်း မတင်ပြနိုင်ခဲ့ကြောင်း၊ သက်သေခံ စာရင်းတွေကလည်း လုပ်ထုံး လုပ်နည်းနဲ့ အညီမဟုတ်ကြောင်း၊ ဥပမာ စာရွက်လွတ် ပေါ်မှာ လက်မှတ် ထိုးခိုင်းတာတွေ ရှိကြောင်း ကော်မရှင်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

ဒါကြောင့် အရပ်သား (၁၁) ဦးလုံးဟာ မတရား ဖမ်းဆီးထိန်းသိမ်း ခံထားရသူတွေဖြစ်ကြောင်း ပေါ်လွင်တဲ့ အထောက်အထား၊ စာရွက် စာတမ်းတွေကို စုစည်းပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေကို ဒီကနေ့ရက်စွဲနဲ့ တင်ပြ လိုက်တယ်လို့ ဦးမင်းလွင်ဦး က ပြောပါတယ်။

သူတို့ (၁၁) ဦးအမှုအတွက် အကျိုးဆောင်ရှေ့နေ အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေ အထောက်အကူပြုအဖွဲ့ဝင် ရှေ့နေ ဦးကျော်ဟိုး က လိုက်ပါ ဆောင်ရွက်နေပါတယ်။ စွပ်စွဲခံထားရသူ အများစုဟာ ကရင် တိုင်းရင်းသားတွေ ဖြစ်ပြီး( ၉) ဦးက အမျိုးသား၊ ကျန် (၂) ဦးက အမျိုးသမီးတွေ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-08-20 04:09

ပဲခူးအမှုမှာ ဘယ်သူတွေ့ ထောင်ချပြီးပြီလဲ
သူတို့က တကယ်မဟုတ်ဘူးဆိုရင် ဘာကြောင့်ဆိုတာ ဖော်ပြသင့်ပါတယ်