ဘယ်လာရုစ်မှာ မြန်မာစစ်ကောင်စီ သံရုံးဖွင့်

RFA Burmese
2023.09.18
ဘယ်လာရုစ်မှာ မြန်မာစစ်ကောင်စီ သံရုံးဖွင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး Sergei Aleinik တို့ ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က ဘယ်လာရုစ်နိုင်ငံတွင် တွေ့ဆုံစဉ်။
Ministry of Foreign Affairs of the Republic of Belarus

ရုရှားရဲ့ အိမ်နီးချင်းဖြစ်တဲ့ ဘယ်လာရုစ်နိုင်ငံမှာ မြန်မာစစ်ကောင်စီရဲ့ ကောင်စစ်ဝန်ချုပ်ရုံးကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့က တိုးချဲ့ဖွင့်လှစ်လိုက်ကြောင်း နှစ်နိုင်ငံစလုံးက သတင်းထုတ်ပြန်ပါတယ်။

ဘယ်လာရုစ်နိုင်ငံဟာ မြန်မာစစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို ရှုတ်ချဖို့ ကုလသမဂ္ဂရဲ့ အဆိုကို မထောက်ခံဘဲ ဆန့်ကျင်မဲပေးခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။

ကုလသမဂ္ဂ မျက်နှာစာမှာ စစ်ကောင်စီဘက်ကနေ အဲဒီလိုရပ်တည်ပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက သံရုံးဖွင့်ပွဲမှာ ပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီနဲ့ စီးပွားရေး၊ ကုန်သွယ်ရေး၊ ပညာရေး၊ နည်းပညာ စတာတွေကို တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ဘယ်လာရုစ်နိုင်ငံဘက်ကလည်း ထုတ်ပြန်ပါတယ်။

အမေရိကန်၊ ဗြိတိန်စတဲ့ အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကိုခံနေရတဲ့ စစ်ကောင်စီအဖွဲ့ဟာ ရုရှားနဲ့ အိမ်နီးချင်းနိုင်ငံတွေဘက် သံတမန်ဆက်ဆံရေး ပိုတိုးမြှင့်နေပါတယ်။

ဘယ်လာရုစ်နိုင်ငံဟာ မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းတွေရောင်းချနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ်လို့ လေ့လာစောင့်ကြည့်နေသူတွေက ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။