မန္တလေးက တက်ကြွလှုပ်ရှားသူ ကိုအောင်မှိုင်းဆန်း နဲ့ ဇနီး အဖမ်းခံရ

2021.02.26
မန္တလေးက တက်ကြွလှုပ်ရှားသူ ကိုအောင်မှိုင်းဆန်း နဲ့ ဇနီး အဖမ်းခံရ မန္တလေးမြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူဖြစ်တဲ့ ကိုအောင်မှိုင်းဆန်းနဲ့ ဇနီးကိုဆန္ဒပြပွဲမှာတွေ့ရစဉ်
-

မန္တလေးမြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူဖြစ်တဲ့ ကိုအောင်မှိုင်းဆန်းနဲ့ သူ့ဇနီးကို ၄၁ လမ်း ၈၅ လမ်းအနီးမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဒီကနေ့ ညနေမှာ ဖမ်းဆီးသွားပါတယ်။

မျက်မြင်တွေ့ခဲ့သူတစ်ဦး က "စစ်ကားတွေနဲ့ ၄၁ လမ်းမီးပွိုင့်မှာ ကားတွေ ပိတ်ရပ်ကြတယ်။ သေနတ်တွေနဲ့ ဆင်းလာပြီး ဝိုင်းတယ်။ အောင်မှိုင်းဆန်းနဲ့ သန်းထိုက်ရှိလားမေးတယ်။ ကိုသန်းထိုက်မရှိတော့ ဖမ်းမသွားဘူး။ ကိုအောင်မှိုင်းဆန်းအမျိုးသမီးကိုလည်း ဖမ်းသွားတယ်။ ဘယ်ခေါ်သွားတယ်မသိဘူး။ စုံစမ်းနေတယ်"

မန္တလေးမှာ လမ်းမကြီးတွေနဲ့ ဆန္ဒပြလေ့ရှိတဲ့နေရာတွေကို လုံခြုံရေးတင်းကျပ်စွာ ချထားတာ တွေ့ရပါတယ်။

ဒီကနေ့ ညနေအထိ မန္တလေးမှာ သေနတ်၊ လေးဂွတို့နဲ့ ပစ်ခတ်ပြီး နှစ်နေရာမှာ အကြမ်းဖက်ဖြိုခွဲခဲ့ပြီး လူ ၄ဝ ထက်မနည်း ဖမ်းဆီးခံလိုက်ရသလို ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။