လယ်သမားအရေး ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ သူ့ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူးမြို့နယ်ကို သွားရောက်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

2012.08.03
assk-kaw-hmu-080312-b305 ၂၀၁၂ ခုနှစ် သြဂုတ်လ ၃ ရက်က ကော့မှူးမြို့နယ် မဟာဝိဇောဓရ ကျောင်းတိုက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဒေသခံ ပြည်သူများနှင့် တွေ့ဆုံနေစဉ်။
RFA

ကော့မှူးမြို့နယ်က မဟာဝိဇောဓရ ကျောင်းတိုက်မှာ ဝါးဘလောက်သောက် ကျေးရွာအုပ်စုက ဒေသခံတွေနဲ့ တွေ့ဆုံခဲ့သလို လယ်သမားတွေရဲ့ လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဆည်မြောင်း တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းခဲ့ကြောင်း NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးသိန်းဦးက ပြောပါတယ်။

"ဝါးဘလောက်သောက် ကျေးရွာအုပ်စုကိုသွားမလို့ လမ်းအခြေအနေ မပေးတော့ ဒီကော့မှူးမြို့ပေါ်မှာပဲ တွေ့လိုက်ရတယ်။ ဝါးဘလောက်သောက် ကျေးရွာအုပ်စုနဲ့။ တောင်သူ လယ်သမားတွေ၊ လူငယ်တွေ၊ အမျိုးသမီးတွေနဲ့တွေ့။ သူတို့ လယ်တွေ ရေကြီးနေတဲ့ ကိစ္စ၊ ဘာကိစ္စလေးတွေ သူတို့ တင်ပြကြတယ်။ အစ်မလည်း အဲတာကို သူတို့ တင်ပြချက်ကို သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ ဆည်မြောင်းက ပုဂ္ဂိုလ်တွေနဲ့ တွေ့ပြီးတော့ ညှိနှိုင်းသွားကြတာပါပဲ"

အခုခရီးစဉ်နဲ့ ဆက်နွယ်ပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လယ်သမားတွေ အရေးကို လွှတ်တော်မှာ မကြာခင် တင်ပြနိုင်ဖွယ် ရှိတယ်လို့ သုံးသပ် ပြောဆိုနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။