တပ်က တရားစွဲထားတဲ့ မန္တလေးက ဦးစိန္တိတ ကိုယ်ပိုင်ခံဝန်ရရှိ


2020.08.20
u-sein-ti-ta-622.jpg ပြည်ကြီးတံခွန်မြို့နယ် တရားရုံးမှာ ၂၀၂၀ သြဂုတ် ၂၀ရက်နေ့က ဆရာတော် ဦးစိန္တိတကို တွေ့ရစဉ်
Photo: Khaymani Win / RFA

တပ်မတော်က ရာဇသတ်ကြီးပုဒ်မ ၅၀၀ (အသရေဖျက်မှု)နဲ့ တရားစွဲဆိုထားတဲ့ ဆရာတော် ဦးစိန္တိတကို ပြင်ပကနေ တရားရင်ဆိုင်ဖို့ မန္တလေး ပြည်ကြီးတံခွန်မြို့နယ် တရားရုံးက ခွင့်ပြုလိုက်ပါတယ်။

မန္တလေးမြို့ မဟာဝိဇာတာရာမတိုက်၊ မလိခဝါဆိုကျောင်းက ဆရာတော် ဦးစိန္တိတကို သိန်းသုံးဆယ်တန် ကိုယ်ပိုင်ခံဝန်နဲ့ အချုပ်လွတ် ထုချေခွင့်ပြုခဲ့တယ်၊ သက်သေတွေ ဆက်စစ်နေတယ်လို့ ပြည်ကြီးတံခွန် တရားရုံး ပြန်ကြားရေးအရာရှိ ဒေါ်ကြည်ပြာဆင့်က ပြောပါတယ်။

“ဆရာတော် ဦးစိန္တိတကို ၆၆ ဃ နဲ့ စွဲထားတာကို တရားလိုပြသက်သေ ဗိုလ်မှူးကြီး သန်းနိုင်ကျော်ကို စစ်ပါတယ်။ နောက်ရုံးချိန်းမှာ ဗိုလ်ကြီး တင်ကိုကိုကို စစ်ပါမယ်။ ပုဒ်မ ၅၀၀ နဲ့စွဲထားတာမှာ ကိုယ်ပိုင်ခံဝန်နဲ့ အချုပ်လွတ် ထုချေခွင့် ပြုခဲ့ပါတယ်”

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက် အမှတ် (၂) ပင်မအလုပ်ရုံ (လျှပ်/စက်) အလုပ်ရုံမှူး ဒုတိယဗိုလ်မှူးကြီး သန့်ဇော်ဦးက တရားစွဲဆိုထားတဲ့အတွက်  ဆရာတော်ဟာ ပုဒ်မ နှစ်ခုနဲ့ တရားရင်ဆိုင်ရမှာဖြစ်ပါတယ်။

အင်တာနက် လူမှုကွန်ယက်မှာ ဆရာတော်ရဲ့ ရေးသားတာနဲ့ အခြားစာမျက်နှာတွေကနေ ကူးယူဖော်ပြ တာတွေဟာ ကောလဟာလ ဖြန့်တဲ့ပုံစံဖြစ်နေတယ်ဆိုပြီး တပ်မတော်က  မေလက တရားစွဲခဲ့တာပါ။

ဆရာတော်ကတော့  ကောင်းစေချင်လို့ ဝေဖန်ပြောဆိုနေတာပါလို့   မိန့်ပါတယ်။

လာမယ့် စက်တင်ဘာ ၃ ရက်နေ့ အမှု ပြန်စစ်ဖို့ ချိန်းဆိုထားပြီး ပုဒ်မ ၅၀၀ အတွက် မှုခင်းစီမံခန့်ခွဲမှု ပြုလုပ်သွားမှာလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။