နှစ်သစ်အကြို ဖက်ဆစ်စနစ် ဆန့်ကျင်ရေး ဖျော်ဖြေပွဲ ကျင်းပ


2014.12.31

၂ဝ၁၅ နှစ်သစ်အကြိုညအတွက် လူငယ်တချို့က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှာ ဖက်ဆစ်စနစ် ဆန့်ကျင်ရေးဖျော်ဖြေပွဲတစ်ခု ကျင်းပခဲ့ကြပါတယ်။

လူငယ်တွေက စစ်ဆန့်ကျင်ရေး၊ လူမျိုးရေး ဘာသာရေးခွဲခြားမှု ဆန့်ကျင်ရေးသီချင်းတွေ သီဆို ဖျော်ဖြေ ကြတယ်လို့ ဖျော်ဖြေပွဲမှာ ပူးပေါင်းပါဝင်နေတဲ့ ကိုဇင်လင်းက RFA ကို အခုလို ပြောပါ တယ်။

"ကျနော်တို့ဒီမှာ ဖက်ဆစ်ဆန့်ကျင်ရေးရှိုးပွဲ လူငယ်တွေပေါင်းလုပ်တာပေါ့နော်၊ အဓိကတော့ ဖက်ဆစ်ဆန့်ကျင်ရေး သီချင်းတွေ၊ လူမျိုးရေးအစွန်းရောက်ဆန့်ကျင်ရေး၊ ဘာသာရေးအစွန်းရောက် ဆန့်ကျင်ရေး အဲ့လိုသီချင်းမျိုးတွေဆိုကြတာပေါ့၊ တီဝိုင်းကအစုံပဲ"

လူငယ်တွေဟာ ခေတ်ပေါ်ယဉ်ကျေးမှုတွေ၊ ခေတ်ပြိုင်ခံစားမှုတွေနဲ့အတူ လွတ်လပ်မှုအတွက်လည်း ရုန်းကန်တိုင်ပွဲဝင်နေကြတယ်လို့ဆိုပါတယ်။

သူတို့ရဲ့ဖျော်ဖြေပွဲမှာ underground အဖွဲ့တွေလို့ခေါ်တဲ့ လူငယ်တွေ သီးခြားတည်ထောင်ထားကြတဲ့ တီးဝိုင်းတွေက အားဖြည့်တီးခတ်ဖျော်ဖြေခဲ့တယ်လို့သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။