ရထားလမ်းစီမံကိန်းကြောင့် ရှေး အမွေအနှစ်တွေ မပျက်စေလို


2014.06.29

ရခိုင်ပြည်နယ်က စစ်တွေ၊အမ်း၊မင်းဘူး ရထားလမ်းစီမံကိန်းကို ရှေးဟောင်း ဇုန်နယ်နမိတ်တွေနဲ့ လွတ် ကင်းအောင် ဖြတ်သန်းဖောက်လုပ်ပေးဖို့ မြောက်ဦးမြို့ခံတွေက တောင်းဆိုလိုက်ပါတယ်။

မြောက်ဦးမြို့မှာ ဒေသခံတွေ နဲ့ ရှေးဟောင်းသုတေသနအဖွဲ့က တာဝန်ရှိသူတွေ ဒီနေ့ တွေ့ဆုံဆွေးနွေးစဉ်မှာ တင်ပြတောင်းဆိုလိုက်တာဖြစ်တယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ မြောက်ဦးမြို့ခံ ဒေါ်ခင်သန်းက ပြောပါတယ်။

"ကျမတို့က ရှေးဟောင်းအမွေအနှစ်နဲ့ မည်သည့်နေရာကအဆို ကျမတို့လက်ကနေပြီး ဒေသခံတွေက သဘောတူတယ်လို့ ပြောခဲ့ပါတယ် ဒါကြောင့်မို့လို့ ရှေးဟောင်းအမွေအနှစ်နဲ့ လွတ်ဖို့ မလွတ်ဖို့ရယ် ၊ နောက်တစ်ခါ အဲ့ဒီဟာမှာ သွားတဲ့နေရာမှာလည်း ပညာရှင်တွေနဲ့ ဆုံးဖြတ်လိုက်တာသည် ပိုပြီးတော့ မှ ကောင်းမယ်၊ မြေပြင်နဲ့ မြေပုံနဲ့ ဆုံးဖြတ်နေလို့ကတော့ မရဘူး မြေပုံကနေကြည့်ကြည့်ပြီး ဆုံးဖြတ် ရင် မြေပြင်အနေအထားမှာ တစ်ခုခုပေါ်လာရင် တစ်ခါ အခတ်အခဲနဲ့ ရင်ဆိုင်ရမယ်၊ ဒါကြောင့်မို့လို့ ပညာရှင်တွေနဲ့ ဆင်းပါလို့ပဲ အကြံပြုခဲ့တယ်"

စစ်တွေ၊ အမ်း၊ မင်းဘူး မီးရထားလမ်းဟာ ရခိုင်လူမျိုးတွေရဲ့ ရှေးဟောင်းအမွေအနှစ်တွေဖြစ်တဲ့ ဓညဝတီ၊ ဝေသာလီ ၊ မြောက်ဦး စတဲ့မြို့ကို ဖြတ်သန်းဖောက်လုပ်နေတာ ဖြစ်ပါတယ်။

အဲ့ဒီ ရထားလမ်းစီမံကိန်းကြောင့် ဝေသာလီမြို့ရိုးတွေ ထိခိုက်ပျက်စီးသွားတဲ့အတွက် ရထားလမ်းဖောက်လုပ်တာကို ရပ်နားပြီး ဇုန်နယ်နမိတ်နဲ့လွတ်ကင်းအောင် ဖောက်လုပ်ပေးဖို့ ပြီးခဲ့တဲ့ ဧပြီလက နိုင်ငံတော်သမ္မတဦးသိန်းစိန် နဲ့ ပြည်ထောင်စု အစိုးရထံ မြို့ခံတွေက စုပေါင်းလက်မှတ်ရေးထိုးပြီး တင်ပြခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။