ကျောက်တော်မှာ ဆန်အိတ် ၃၀၀၀ ကျော် ALP ပါတီ ဦးဆောင်လှူဒါန်း


2014.10.11

ဂျပန်နိုင်ငံအခြေစိုက် နိပွန်ဖောင်ဒေးရှင်းရဲ့ ကူညီထောက်ပံ့မှုနဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က ဦးဆောင်ပြီး ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ ကျေးရွာပေါင်း ၂၁ ရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့ကနေ မနေ့ကအထိ ဆန်အိတ်ပေါင်း သုံးထောင်ကို သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ် နောက်ပိုင်းကာလတွေက ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် ALA နဲ့ အစိုးရ စစ်တပ်တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့နေရာတွေမှာရှိတဲ့ ဒေသခံတွေကို အဓိကလှူဒါန်းခဲ့ကြောင်း ALP
ရဲ့ ကျောက်တော်မြို့နယ် ဆက်ဆံရေးရုံး ပြန်ကြားရေးတာဝန်ခံ ဦးခိုင်အောင်စိုးသန်းက ပြောပါတယ်။

ကျောက်တော်မြို့နယ် ပီချောင်းဒေသက ဝါးပြန်၊ ဒလိမ့်တောင်၊ တောင်ပစီ စတဲ့ ကျေးရွာတွေအပါအဝင် ကျေး ရွာပေါင်း ၂၁ ရွာမှာ ဆန်နဲ့ စားနပ်ရိက္ခာတွေကို လှူဒါန်းခဲ့တာဖြစ်ပြီး ရှေ့လမှာလည်း ဒုတိယအသုတ်အနေနဲ့ ဆန်အိတ်ပေါင်း နှစ်ထောင်လောက်ကို ထပ်မံလှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဟာ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ဧပြီလကတည်းက စစ်တွေ့မြို့မှာ  ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။