မြန်မာနိုင်ငံအတွင်း ပြောင်းလဲမှု စိန်ခေါ်ချက်များစွာ ကျန်နေသေး

မြန်မာနိုင်ငံအတွင်းက ပြောင်းလဲမှုတွေမှာ အကောင်းဘက်ပြောင်း လဲမှုတွေရှိပေမဲ့ စိန်ခေါ်ချက်တွေ အများကြီးကျန်နေသေးတာကို သိစေလိုတယ်လို့ Amnesty International အဖွဲ့ အရာရှိကြီး တစ်ဦးက ပြောကြားလိုက်ပါတယ်။

2012.06.19

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်ကို အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မြန်မာနိုင်ငံက အပြုသဘောဆောင်တဲ့ တိုးတက်မှု ပြယုဂ် ခရီးစဉ်အဖြစ်လည်း သတ်မှတ်လိုက်ပါတယ်။

အိုင်ယာလန်နိုင်ငံ၊ ဒပ်ဗလင်မြို့မှာ မနေ့ကပြုလုပ်တဲ့ AI အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်တဲ့ ၂၀၀၉ ခုနှစ်အတွက် Ambassador of Conscience ဆု အပ်နှင်းပွဲနဲ့ ဒပ်ဗလင်မြို့ရဲ့ လွတ်လပ်တဲ့နိုင် ငံသားဆု ပေးပွဲအပြီးမှာ AI အဖွဲ့ အာရှနဲ့ ပစ္စဖိတ်ဒေသ ဒုတိယအကြီးအကဲ Ms Donna Guest က RFA ကို ပြောကြားခဲ့တာပါ။

RFA နဲ့တွေ့ဆုံမေးမြန်းခန်းမှာ နိုင်ငံရေးအကျဉ်းသားတွေ အများကြီးလွတ်ပေးတဲ့ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေကို မိမိတို့ကိုယ်တိုင် သိမြင်အသိအမှတ်ပြုတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မြန်မာပြည်သူတွေနဲ့ မြန်မာနိင်ငံကို သတိပေးလိုတာက စိန်ခေါ်ချက်တွေ အများကြီး ကျန်နေသေးတာပဲ ဖြစ်တယ် လို့ ပြောပါတယ်။

မြန်မာနိုင်ငံတွင်း အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေသေးတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများအပြင် မပြီးဆုံးသေးတဲ့ တိုင်းရင်းသားတွေနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခများနဲ့ မကြာသေးခင် က ဖြစ်ပျက်ခဲ့တဲ့ ရခိုင်ပြည်နုယ်အတွင်းက ဖြစ်ရပ်တွေကို ရည်ညွန်းပြောဆိုသွားပါတယ်။

AI အဖွဲ့အနေနဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေး တိုးတက်မှုတွေအတွက် အမြဲစောင့်ကြည့် မှတ်တမ်းတင်သွားမှာ ဖြစ်တယ်လို့လည်း သူကပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။