ရမည်းသင်းမြို့နယ် NLD ပါတီက ဒုဥက္ကဌနဲ့ အမှုဆောင်တွေကို ပါတီကနေထုတ်ပယ်


2016.08.10

မန္တလေးတိုင်း ရမည်းသင်းမြို့နယ်က NLD ပါတီ ဒုတိယ ဥက္ကဌနဲ့ အမှုဆောင် ၁၁ ဦးကို ပါတီကနေ ရာသက်ပန် ထုတ်ပယ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ကာလအတွင်း မဲဆွယ်စည်းရုံးရေး အားနည်းမှု၊ ပါတီစည်းကမ်း ဖောက်ဖျက်မှုနဲ့ အရေးယူလိုက်တာ ဖြစ်တယ်လို့ မန္တလေးတိုင်း NLD ပါတီ ဥက္ကဌ ဦးတင်ထွဋ်ဦး က ပြောပါတယ်။

"ရွေးကောက်ပွဲအောင်နိုင်ရေး မပါတဲ့ဟာကစတာပေါ့နော်၊ စည်းမျဉ်းစည်းကမ်းနဲ့ ပတ်သက်လို့ စစ်ဆေးပြီး သူတို့ကိုထုတ်ပယ်လိုက်တာပါ၊ ပထမဦးဆုံး ရွေးကောက်ပွဲ မတိုင်ခင်ကာလကတော့ ဥက္ကဌတစ်ယောက်ထဲကိုပဲ တာဝန်ကနေရပ်စဲတာပဲ၊ သူကအဖွဲ့ဝင်အဖြစ်ရှိနေသေးတယ်၊ ဥက္ကဌအရေးယူပြီးတဲ့နောက်ပိုင်းမှာ သူတို့အောင်နိုင်ရေးလည်း မလုပ်ဘူး၊ အဖွဲ့အစည်း စည်းမျဉ်းစည်းကမ်းနဲ့ ပတ်သက်လို့ လိုက်နာမှုပျက်ကွက်လို့ ဆိုပြီးတော့ သူတို့ကို စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က စစ်ဆေးပြီး အရေးယူလိုက်တာပါ၊ သူတို့ ၁၂ ဦးကို အဖွဲ့ဝင်ကနေ ရာသက်ပန်ထုတ်ပယ်ပြီး အရေးယူလိုက်တာပါ"

လစ်လပ်သွားတဲ့ မြို့နယ်ပါတီခေါင်းဆောင်နေရာတွေအတွက် ကျန်ရှိနေတဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင်တွေ ထဲ ပြန်လည်ရွေးချယ်တာဝန်ပေးသွားမယ်လို့ ဦးတင်ထွဋ်ဦး က ပြောပါတယ်။

ရွေးကောက်ပွဲမတိုင်ခင်ကာလတွေမှာ မန္တလေးတိုင်းအတွင်း မြို့နယ် NLD ပါတီဝင်တွေကို ရွေးကောက် ပွဲ အောင်နိုင်ရေး မဆောင်ရွက်လို့ တာဝန်ကနေရပ်စဲတဲ့ အရေးယူမှုတွေ ရှိခဲ့ပေမယ့် ပါတီကနေ ရာသက်ပန် ထုတ်ပယ်တဲ့အထိ အရေးယူတာ ဒါပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ရမည်းသင်းမြို့နယ် မဲဆန္ဒနယ်ဟာ လွှတ်တော်နေရာအားလုံးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။