အစိုးရအဆက်ဆက်ထက် တရုတ်ကို ပိုအားကိုးလာရကြောင်း လေ့လာသူတွေပြောကြား
2020.01.15
နေပြည်တော်မှာကျင်းပမယ့် တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်တဲ့ နှစ် ၇ဝ ပြည့် အခမ်းအနားကို တက်ရောက်ဖို့ တရုတ်သမ္မတ ရှီကျင်းပင် သောကြာနေ့မှာ မြန်မာနိုင်ငံကို ရောက်လာတော့မှာပါ။ တရုတ်သမ္မတရဲ့ ဒီခရီးစဉ်နဲ့ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုဟာ မြန်မာနိုင်ငံအတွက် နိုင်ငံရေးအရ ဘယ်လိုအကျိုးသက်ရောက်မှု ရှိနိုင်ပါလဲ။
နိုင်ငံရေးလေ့လာသူတွေရဲ့ သုံးသပ်ချက်တွေကို RFA အဖွဲ့သူ မခင်ခင်အိတင်ပြထားပါတယ်။