သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-10-31
ရခိုင်ပြည်နယ်က ရိုဟင်ဂျာကျေးရွာတွေမှာ မွတ်စလင်တွေအပေါ် စစ်တပ်က အကြမ်းဖက် သတ်ဖြတ်ခဲ့တဲ့ အထောက်အထားတွေကို လက်စဖျောက်တဲ့အနေနဲ့ မြန်မာအစိုးရက ဖျက်ဆီးနေတယ်လို့ ဗြိတိန်နိုင်ငံထုတ် ဂါဒီးယန်း သတင်းစာမှာ မနေ့က ဘူဒိုဇာတွေနဲ့ ဘက်ဟိုး မြေထိုးယာဉ်ကြီးတွေ ရပ်နားထားတဲ့ ဓါတ်ပုံတွေနဲ့ ဖော်ပြတဲ့ဆောင်းပါးကို Press TV အီရန်သတင်းဌာန က ထပ်ဆင့်ဖေါ်ပြပါတယ်။
2018-10-21
၈၈ ငြိမ်းပွင့်အဖွဲ့က ကိုဂျင်မီဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဘာသာပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေးလေ့လာမှုအစီအစဉ်နဲ့ အမေရိကန်ပြည်ထောင်စုကို ခေတ္တ ရောက်ရှိနေ ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း သူ့ရဲ့လေ့လာ တွေ့ရှိချက်တွေနဲ့ လက်ရှိမြန်မာပြည်ရဲ့ အခြေ အနေတွေအပေါ် အဖြေရှာရေး သဘောထားတွေကို RFA အဖွဲ့သား ဦးခင်မောင်စိုးက အခုလို ဆက်သွယ်မေးမြန်းထားပါတယ်။
2018-10-20
ဗြိတိန်အခြေစိုက် မြန်မာနိုင်ငံလူ့အခွင့်အရေးကွန်ရက် (Burma Human Rights Network) ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး ဦးကျော်ဝင်းဟာ ရခိုင်ပြည်နယ်ပဋိပက္ခအပါအဝင် မြန်မာပြည် လူ့အခွင့်အရေးအခြေအနေတွေကို အမေရိကန်အစိုးရ အရာရှိတချို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ဝါရှင်တန်ဒီစီ မြို့တော်ကို ရောက်ရှိနေပါတယ်။
2018-10-17
သူ့ရဲ့ကာတွန်းတွေဟာ ကာတွန်းဆရာက ထောင့်ကန်ဘောပေးလိုက်ပြီး ပရိသတ်က ခေါင်းတိုက်ပြီး ဂိုးသွင်းလိုက်တဲ့ ဘောလုံးပွဲလိုပါပဲလို့ နိုင်ငံကျော် ကာတွန်း အော်ပီကျယ် က ပြောပါတယ်။
2018-10-14
၈၈ မျိုးဆက် ငြိမ်းပွင့်အဖွဲ့က ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ကိုကျော်မင်းယု ခေါ် ကိုဂျင်မီ ဟာ အမေရိကန်နိုင်ငံခြားဌာနရဲ့ ဘာသာပေါင်းစုံ ညီညွတ်ရေးနဲ့ ဘာသာရေးလွတ်လပ်ခွင့် လေ့လာရေး အစီအစဉ်အဖြစ် ဝါရှင်တန် ဒီစီမြို့တော်ကို စနေနေ့က ရောက်ရှိလာခဲ့ပါတယ်။
2018-10-12
Eleven Media က အယ်ဒီတာတွေနဲ့ သတင်းထောက်ချုပ်ကို ရန်ကုန်တိုင်းအစိုးရက ၅ဝ၅ (ခ) နဲ့အမှုဖွင့် အရေးယူခဲ့တာဟာ လက်ရှိအစိုးရအတွက်ရော နိုင်ငံအတွက်ပါ အများကြီး ထိခိုက်နစ်နာမှု ဖြစ်စေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ပြောလိုက်ပါတယ်။
2018-10-04
အင်းစိန်အကျဉ်းထောင် တိုက်ခန်းတွေထဲမှာ နေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် အရင်အစိုးရ လက်ထက်ကထက်စာရင် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေရှိလာတာ တွေ့ရတယ်လို့ မနေ့ကပြန်လွတ်လာတဲ့ ကျောင်းသား ကိုဇေယျာလွင်က ပြောပါတယ်။ဒါပေမယ့် အဆောင်မှာနေရတဲ့ ရာဇဝတ်သားအရေအတွက်က အလွန်များနေပြီး ကြီးနိုင်ငယ်ညှဉ်းလုပ်ရပ်တွေ၊ လာဘ်ပေးလာဘ်ယူမှုတွေကတော့ အရင်အတိုင်း ဆက်ရှိနေတယ်လို့ ဆိုပါတယ်။
2018-10-04
ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ်ကစပြီး ဇေကမ္ဘာကုမ္ပဏီကို စစ်ထောက်ချုပ်ရုံးက အမေရိကန်ဒေါ်လာ ၄၁.၃၈၂ သန်းနဲ့ နှစ် ၇ဝ စာ ငှားရမ်းထားတဲ့ ရန်ကုန် ဗဟန်းမြို့နယ်က မြရိပ်ညို ဟိုတယ်ဟောင်းမြေနေရာ ငှားရမ်းတာကို စစ်ထောက်ချုပ်ရုံးဘက်က ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။
2018-10-04
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ဒေသ မိုင်းသောက်ကျေးရွာအနီးမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့သား ဦးထွန်းနိုင်ရွှေပိုင်တဲ့ မြန်မာနိုင်ဂရုကုမ္ပဏီ (Myanmar Naing Group Co, Ltd) က လုပ်ပိုင်ခွင့်ရထားတဲ့ မြေဧက ၉ဝ နဲ့ ပတ်သက်ပြီး လုပ်ပိုင်ခွင့်ပေးသင့်မပေးသင့် ပြန်လည်စိစစ်ဖို့ သမ္မတရုံးက ညွှန်ကြားလိုက်ပါတယ်။
2018-10-04
■ မြန်မာနိုင်ငံကို EU ဥရောပသမဂ္ဂက စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မယ်ဆိုရင် မြန်မာနိုင်ငံအတွက် ထိခိုက်မှု ရှိနိုင်မယ်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်က RFA ကို ပြောပါတယ်။
2018-10-04
■ အခုရက်ပိုင်းအတွင်း ဒေါ်လာနဲ့ ရွှေဈေးနှုန်းတွေ ပြန်ကျသွားတယ် ဆိုပေမယ့် လောင်စာဆီဈေးနှုန်းက မကျဘဲ ဖြစ်နေပါတယ်။ လောင်စာဆီဈေး မကျတာဟာ သွင်းခွင့်ရသူအနည်းစုက ချုပ်ကိုင်ထားတဲ့ အတွက်လို့လည်း ဝေဖန်ကြတာတွေ ကြားရပါတယ်။
2018-10-04
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်၊ ဝေလေလန်ကျေးရွာက အသက် ၅ဝ အရွယ် ရှမ်းတိုင်းရင်းသူ တစ်ဦးကို အမည်မသိလူတစ်စုက သေနတ်နဲ့ ခြိမ်းခြောက်ပြီး မနေ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
2018-10-03
အမေရိကန်ပြည်ထောင်စု အခြေစိုက် မြန်မာ-အမေရိကန် ကုန်သည်ကြီးများအသင်း (AMCC) ဥက္ကဋ္ဌ ဦးထွန်းတင် က တကယ်လို့သာ ဥရောပသမဂ္ဂအပါအဝင် အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍကို များစွာနစ်နာမှာဖြစ်ပါတယ်။
2018-10-03
မြန်မာနိုင်ငံမှာ စိန်ခေါ်မှုတွေ အမြောက်အမြားရှိနေပြီး ရခိုင်ပြည်နယ်အရေးကိစ္စ တစ်ခုတည်းကြောင့် ငြိမ်းချမ်းဖြစ်စဉ် ထိခိုက်တာမျိုးတော့ မဟုတ်ဘူးဘူးလို့ ABSDF အဖွဲ့ ဒုတိယဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက RFA ကို ပြောပါတယ်။
2018-10-03
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အမေရိကန်ဒေါ်လာနဲ့ ရွှေဈေးတွေ ရုတ်တရက် မြင့်တက်သွားခဲ့ပြီး အထွေထွေ ကုန်ဈေးနှုန်းတွေပါ တက်သွားခဲ့ရာက အခုတော့ တဖြည်းဖြည်းပြန်ကျသွားပြီလို့ သိရပါတယ်။