ဇေကမ္ဘာကုမ္ပဏီမြေအငှားကိစ္စ ဆက်သွယ်မေးမြန်းချက်
2018.10.04
ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ်ကစပြီး ဇေကမ္ဘာကုမ္ပဏီကို စစ်ထောက်ချုပ်ရုံးက အမေရိကန်ဒေါ်လာ ၄၁.၃၈၂ သန်းနဲ့ နှစ် ၇ဝ စာ ငှားရမ်းထားတဲ့ ရန်ကုန် ဗဟန်းမြို့နယ်က မြရိပ်ညို ဟိုတယ်ဟောင်းမြေနေရာ ငှားရမ်းတာကို စစ်ထောက်ချုပ်ရုံးဘက်က ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။ ကုမ္ပဏီအနေနဲ့ စာချုပ်ပါစည်းကမ်းချက်တွေကို ချိုးဖောက်တာကြောင့် ငှားရမ်းတာကို ပြန်လည်ရုပ်သိမ်းတာလို့ တပ်မြို့စည်ပင်သာယာရေးအဖွဲ့၊
ရန်ကုန်ရုံး အတွင်းရေးမှူး ဦးမိုးမင်းဝင်းက ပြောပါတယ်။ ဦးမိုးမင်းဝင်းကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။