ပိတ်ဆို့မှု ကျော်လွှားရန် ဒုက္ခသည်တွေ မြန်မြန်လက်ခံဖို့ ကုန်သည်အသင်း ဥက္ကဋ္ဌ အကြံပေး
2018.10.03
အမေရိကန်ပြည်ထောင်စု အခြေစိုက် မြန်မာ-အမေရိကန် ကုန်သည်ကြီးများအသင်း (AMCC) ဥက္ကဋ္ဌ ဦးထွန်းတင် က တကယ်လို့သာ ဥရောပသမဂ္ဂအပါအဝင် အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍကို များစွာနစ်နာမှာဖြစ်ပါတယ်။ တကယ်လို့သာ လက်ရှိ ရခိုင်ပြည်နယ်က ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို မြန်မြန်ဆန်ဆန် စိစစ်ပြီး စတင်လက်ခံနိုင်မယ်ဆိုရင်တော့ အဲဒီ ပိတ်ဆို့မှုတွေကို ကျော်လွှားနိုင်ဖွယ်ရှိတယ်လို့ ပြောပါတယ်။ ဦးထွန်းတင် နဲ့ RFA အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားတာကို နားဆင်ပါ။