NLD အစိုးရလက်ထက် အင်းစိန်အကျဉ်းထောင်အခြေအနေ


2018.10.04

အင်းစိန်အကျဉ်းထောင် တိုက်ခန်းတွေထဲမှာ နေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် အရင်အစိုးရ လက်ထက်ကထက်စာရင် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေရှိလာတာ တွေ့ရတယ်လို့ မနေ့ကပြန်လွတ်လာတဲ့ ကျောင်းသား ကိုဇေယျာလွင်က ပြောပါတယ်။ ဒါပေမယ့် အဆောင်မှာနေရတဲ့ ရာဇဝတ်သားအရေအတွက်က အလွန်များနေပြီး ကြီးနိုင်ငယ်ညှဉ်းလုပ်ရပ်တွေ၊ လာဘ်ပေးလာဘ်ယူမှုတွေကတော့ အရင်အတိုင်း ဆက်ရှိနေတယ်လို့ ဆိုပါတယ်။ ကိုဇေယျာလွင်ကို ပြီးခဲ့တဲ့မေလက ရန်ကုန်မြို့ မဟာဗန္ဒုလပန်းခြံမှာ စစ်ဆန့်ကျင်ရေး ကဗျာရွတ်ပွဲမှာ ခွင့်ပြုချက်မယူဘဲ အမှတ်တရစကားပြောလို့ဆိုပြီး ထောင်ဒဏ် ၁၅ ရက် ချမှတ်ခဲ့တာပါ။ ကိုဇေယျာလွင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။