တာချီလိတ်က ပြန်ပေးဆွဲမှု
2018.10.04
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်၊ ဝေလေလန်ကျေးရွာက အသက် ၅ဝ အရွယ် ရှမ်းတိုင်းရင်းသူ တစ်ဦးကို အမည်မသိလူတစ်စုက သေနတ်နဲ့ ခြိမ်းခြောက်ပြီး မနေ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ လက်ရှိ ဝမ်ပုံနယ်မြေရဲစခန်းမှာ ပြန်ပေးဆွဲမှုနဲ့ အမှုဖွင့်ထားတယ်လို့ တာချီလိတ်မြို့နယ်မှူး ရဲမှူးသန်းနုက ပြောပါတယ်။ ရဲမှူးသန်းနုကို RFA သတင်းထောက် မသီရိမင်းဇင် ဆက်သွယ်မေးမြန်း ထားပါတယ်။