သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-07-21
ပြီးခဲ့တဲ့အပတ်က မြန်မာနိုင်ငံမှာ လူဦးရေရဲ့ ၅၀ရာခိုင်နှုန်း လောက်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး၊ လူဦးရေ ၁၀သန်းကနေ ၁၅သန်းအထိ သေဆုံးနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက် ပါဝင်တဲ့ Asia Times မီဒီယာက ဆောင်းပါးတစ်ပုဒ်ကို ဘာသာပြန်ထားတဲ့ post တွေ ဆိုရှယ်မီဒီယာ အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့နေခဲ့ပါတယ်။ ဒီမူရင်း ဆောင်းပါးကို ရေးသားခဲ့တဲ့ အမေရိကန် နိုင်ငံ ဝါရှင်တန် တက္ကသိုလ်က မြန်မာ့အရေးလေ့လာသူ မေရီ ကာလာဟန်ကတော့ ဒါဟာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမယ့် အရေအတွက်ကို ဆိုလိုတာမဟုတ်ဘူးလို့ ပြောပါတယ်။
2021-07-20
စစ်ကောင်စီဘက်က သဘောတူညီချက်တွေ ချိုးဖောက်ပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့နေရာတွေထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေရှိနေတာကြောင့် ကရင်နီတပ်မတော်နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တို့ ပြန်ပူးပေါင်းတိုက်နေတာလို့ KNDF ပြောခွင့်ရှိသူက RFA ကိုပြောပါတယ်။
2021-07-19
မြန်မာနိုင်ငံမှာ လက်ရှိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့နှုန်းနဲ့ ရောဂါအနေအထားအရ အသေအချာ တားဆီးထိန်းချုပ်မှု မလုပ်နိုင်ရင် ပြည်သူ လေးသိန်းခန့်အထိ အသက်ဆုံးရှုံးနိုင်ဖွယ် ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။
2021-07-17
ရန်ကုန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ သုံးရက်ဆက်တိုက် မြင့်တက်နေပါတယ်။ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဇူလိုင်လ ၁၇ရက်နေ့ ထုတ်ပြန်ချက်အရ ပိုးတွေ့သူ ၅၄၉၇ ဦးရှိပြီး သေဆုံးသူ ၂၃၃ ဦးရှိတယ်လို့ ဆိုပေမယ့် နာရေးကူညီမှုအသင်းတွေကတော့ သေဆုံးသူဟာ ဒီထုတ်ပြန်ထားတဲ့ အရေအတွက်ထက် အများကြီးပိုနိုင်တယ်လို့ ခန့်မှန်းပါတယ်။
2021-07-17
မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ် သငှားကျေးရွာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မျိုး ရဲ့ဖခင် ဦးတင်အုန်း ကို စစ်ကောင်စီတပ်တွေ မနေ့က နှမ်းခင်းထဲမှာ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားပါတယ်လို့ လုံခြုံရေးအရ နာမည်မဖော်လိုတဲ့ ဆွေမျိုးနီးစပ်သူတစ်ယောက်က RFA ကို ပြောပါတယ်။
2021-07-14
ကရင်အမျိုးသားအစည်းအရုံး KNU ခေါင်းဆောင်တဦးဖြစ်ပြီး တပ်မဟာ ၅ ရဲ့ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်း က စစ်ကောင်စီ တပ်ဖွဲ့တွေကနေ သူတို့ KNU နယ်မြေကို ခိုလှုံရောက်ရှိလာတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အကူအညီ သုံးမျိုးပေးအပ်နေကြောင်း၊ လက်နက်ကိုင်တော်လှန်ရေးပါဝင်မယ့် Generation Z ခေါ် လူငယ်မျိုးဆက်သစ်တွေကိုလည်း စစ်သင်တန်းတွေ ပေးနေကြောင်း ... စသဖြင့် RFA ကို မနေ့က ပြောကြားလိုက်ပါတယ်။
2021-07-13
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်တတိယလှိုင်း ကူးစက်မှုကို ကာကွယ်နိုင်ရေးနဲ့ ရောဂါကူးစက်ခံရပြီး နေအိမ်မှာပဲ ကုသနေရတဲ့သူတွေ လိုက်နာ ဆောင်ရွက်သင့်တာတွေနဲ့ ပတ်သက်ပြီး အမျိုးသားကာကွယ်ဆေးထိုးနှံမှု အကြံပေးအဖွဲ့ (National Immunization Technical Advisory Group - NITAG) အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ပါမောက္ခ ဒေါက်တာသိန်းအောင်ကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။
2021-07-13
အခု ဇူလိုင်လကုန်ပိုင်းအရောက်မှာ PDF ပြည်သူ့ကာကွယ်ရေးတပ်မတော်အတွက် စစ်သင်တန်း လေ့ကျင့်ပြီးသား တပ်ဖွဲ့အင်အား ၈ဝဝဝ ကျော်အထိ ရှိမှာဖြစ်တယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် က RFA ကို ပြောကြားလိုက်ပါတယ်။
2021-07-13
စစ်ကိုင်းတိုင်း ကနီမြို့နယ်က တောထဲတစ်နေရာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံထားရတဲ့ သူတွေဟာ PDF အဖွဲ့ဝင်တွေမဟုတ်ဘဲ တောထဲပုန်းနေတဲ့ သာမန်အရပ်သားတွေပဲ ဖြစ်တဲ့အတွက် သူတို့အတွက် စစ်ကောင်စီကို ဆက်ပြီး ခုခံတော်လှန်သွားမယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF က ပြောပါတယ်။
2021-07-09
အာဏာသိမ်း စစ်ကောင်စီက သူတို့ဖမ်းဆီးထားတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅) နဲ့ တရားစွဲဆိုဖို့ ဆောင်ရွက်နေတယ်လို့ ဇူလိုင် (၇) ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
2021-07-08
မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်က အရှင်ရာဇိန္ဒအပါအဝင် သံဃာ နှစ်ပါးနဲ့ လူ သုံးဦးကို မေလ ၂ဝ ရက်နေ့က ဖမ်းဆီးပြီး မန္တလေးနန်းတွင်းကို ခေါ်သွားချိန်မှာ စစ်သားတွေက လူမဆန်စွာ ရိုက်နှက်ခဲ့သလို နန်းတွင်းကို ရောက်ရှိတော့လည်း စစ်ကြောတဲ့ ဌာနကနေ ချုပ်နှောင်ထားတဲ့နေရာကို မိနစ် ၂ဝ ခန့် ဒူးထောက်ပြီး သွားခဲ့ရပါတယ်။
2021-07-07
မကွေးတိုင်းမှာ နွေဦးတော်လှန်ရေး ဆင်နွှဲနေတဲ့ ယောပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ လောလောဆယ်မှာ စစ်တပ်ရဲ့လမ်းကြောင်းတွေကို မိုင်းခွဲတိုက်ခိုက်တာနဲ့ ဒလန်ရှင်းလင်းရေးလုပ်ငန်းတွေကို ဦးစားပေး ဆောင်ရွက်နေတယ်လို့ အဖွဲ့ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူးနဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝေစိုးထိုက် က ပြောပါတယ်။
2021-07-04
ကျန်းမာရေးဝန်ထမ်း အမြောက်အမြား အာဏာဖီဆန်ရေး (CDM) မှာ ပါဝင်တဲ့အတွက် ပြည်သူတွေ ထိခိုက်နစ်နာမှာကို သိပေမယ့် အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ တိုက်ပွဲဝင်ရတာဖြစ်လို့ ပြည်သူတွေကို တောင်းပန်တယ်လို့ ပြည်မြို့ ဆေးရုံကြီးက မေ့ဆေး ဆရာဝန်ကြီး ဒေါက်တာမြင့်မြင့်စိန်က ပြောလိုက်ပါတယ်။
2021-07-04
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့မှာ စစ်ကောင်စီနဲ့ PDFတို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ PDF ဘက်က ဒဏ်ရာရသူတွေကို မဖမ်းဘဲ ဒီအတိုင်းထားပြီး လာကယ်တဲ့သူတွေကို စစ်ကောင်စီက ထပ်မံပစ်ခဲ့လို့ PDFဘက်က အထိအခိုက် အကျဆုံးများခဲ့ရတယ်လို့ ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက်က RFAကို ပြောပါတယ်
2021-07-03
အမှတ် (၁၄) စစ်မြေပြင်ဆေးတပ်ရင်းက ခွဲစိတ်ပါရဂူ ဗိုလ်ကြီး မင်းမောင်မောင် ဟာ စစ်ကောင်စီကို ဆန့်ကျင်ပြီး နွေဦးတော်လှန်ရေးမှာ ပါဝင်ဖို့အတွက် လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိနေပါပြီ။