ဒေါက်တာဇော်မြင့်မောင်ကို မိမိဝင်ငွေနဲ့ ဆေးကုပေးခဲ့ဟု သားဖြစ်သူ ပြော

ခင်မောင်စိုး(ဝါရှင်တန်ဒီစီ)
2021.07.09

အာဏာသိမ်း စစ်ကောင်စီက သူတို့ဖမ်းဆီးထားတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅) နဲ့ တရားစွဲဆိုဖို့ ဆောင်ရွက်နေတယ်လို့ ဇူလိုင် (၇) ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အခုလို စွပ်စွဲမှုနဲ့ ပတ်သက်ပြီး ဒေါက်တာဇော်မြင့်မောင်ရဲ့ သားဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာ နေထိုင်သူ ဒေါက်တာ ဉာဏ်ဝေဖြိုး က မဟုတ်မမှန် လုပ်ကြံမှုအဖြစ် ပြစ်တင်ရှုတ်ချလိုက်ပြီး သူ့ဖခင်ကို သူ့ဝင်ငွေနဲ့ ဆေးကုပေးခဲ့တာဖြစ်တယ်။

ဒါ့အပြင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အကူအညီပေးခဲ့ပါတယ်လို့ RFA ကို ပြောပါတယ်။ ဒေါက်တာ ဉာဏ်ဝေဖြိုးကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။