ဖမ်းဆီးခံ မန္တလေးသံဃာတော်တွေ အပြင်းအထန် နှိပ်စက်ညှဉ်းပန်းခံခဲ့ရ

2021.07.08

မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်က အရှင်ရာဇိန္ဒအပါအဝင် သံဃာ နှစ်ပါးနဲ့ လူ သုံးဦးကို မေလ ၂ဝ ရက်နေ့က ဖမ်းဆီးပြီး မန္တလေးနန်းတွင်းကို ခေါ်သွားချိန်မှာ စစ်သားတွေက လူမဆန်စွာ ရိုက်နှက်ခဲ့သလို နန်းတွင်းကို ရောက်ရှိတော့လည်း စစ်ကြောတဲ့ ဌာနကနေ ချုပ်နှောင်ထားတဲ့နေရာကို မိနစ် ၂ဝ ခန့် ဒူးထောက်ပြီး သွားခဲ့ရပါတယ်။ အဲဒီလို ကတ္တရာလမ်းပေါ် သွေးစိမ်းရှင်ရှင် ထွက်တဲ့အထိ ဒူးထောက်သွားရစဉ်မှာလည်း တချိန်လုံး ဦးခေါင်း၊ လည်ပင်း၊ ခါးနဲ့ နံရိုးတွေကို စစ်ဖိနပ်နဲ့ ကန်ကျောက်၊ သံတုတ်နဲ့ ရိုက်နှက်ခဲ့တယ်လို့ အရှင်ရာဇိန္ဒက ပြောပါတယ်။

ဆရာတော်ဟာ အခု မှတ်ဉာဏ်ထိခိုက်နေသလို စကားကို အားယူပြောနေရဆဲဖြစ်ပါတယ်။ ဇွန်လ ၃ဝ ရက်နေ့မှာ မန္တလေးအိုးဘိုထောင်က လွတ်မြောက်လာပြီးနောက် ထပ်မံဖမ်းဆီးခံရမယ့် အန္တရာယ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ အရှင်ရာဇိန္ဒကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။