သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-10-18
မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေရှိမယ့် ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေးကော်မရှင်ဟာ မဲများသူနိုင်တဲ့ FPTP စနစ်အများစုကို အခြေခံထားတဲ့ ရွေးကောက်ပွဲစနစ် ၇ မျိူးကို လာမယ့်သီတင်းပတ်အတွင်း ပြည်သူ့လွှတ်တော်ကို တင်ပြမယ်လို့ ကော်မရှင်ရဲ့ အတွင်းရေးမှူးဖြစ်သူ တောင်တွင်းကြီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းက ပြောပါတယ်။
2014-10-18
FTUM ခေါ် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်က မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးနဲ့ အလုပ် သမားရေးရာ တိုးတက်မှှုတွေအတွက်ကျင်းပ တဲ့ နိုင်ငံတကာဆွေးနွေးပွဲတွေမှာ အလုပ်သမားတွေရဲ့ ဘဝအခြေအနေမှန်တွေကို တင်ပြနိုင်ဖို့အတွက် သူတို့အဖွဲ့ချုပ်နဲ့ မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာန ကိုယ်စားလှယ်တွေကို ဖိတ်ကြားဖို့ နိုင်ငံတကာအစိုးရတွေ အဖွဲ့အစည်းတွေ ကို ဒီလ ၁၅ ရက်နေ့စွဲနဲ့ မေတ္ထာရပ်ခံလိုက်ပါတယ်။
2014-10-17
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်း မြန်မာ့တပ်မတော်ရဲ့ ထိုးစစ်ဆင်နေမှုတွေ၊ ကရင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခ ပြန်လည်ဖြစ်ပွားမှုတွေကြောင့် အရှိန်ရနေတဲ့ အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးမှုတွေ နှောင့်နှေးကြန့်ကြာသွားမှာ ဒါမှမဟုတ် ပျက်ပြားသွားမှာ အထူးစိုးရိမ်ကြောင်း UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက အောက်တိုဘာ ၁၅ ရက်နေ့က ကြေညာချက်ထုတ်ပြန် သတိပေးလိုက်ပါတယ်။
2014-10-17
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီအပေါ် ပုတ် ခတ်ရေးသားတဲ့ စာရွက်တွေဖြန့်ဝေခဲ့မှုအတွက် ကြံခိုင်ဖွံ့ဖြိုး ရေးပါတီဝင်တစ်ဦးကို NLD ပါတီက တရားစွဲထားတဲ့အမှုကို မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တရားရုံးက ပလပ်လိုက်တာကို ခရိုင်နဲ့ တိုင်းအဆင့်အထိဆက်လက်ပြီး တရားစွဲဖို့ စီစဉ်နေကြောင်း ဆိပ်ဖြူမြို့နယ် NLD က ပြောပါ တယ်။
2014-10-15
စက်မှုဇုန်မြေကွက်တွေကို လုပ်ငန်းရှင်တွေက ငှားရမ်းခဈေးကြီးပေးပြီး လုပ်ကိုင်နေရတာဟာ မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြုပ်နှံကြတဲ့သူတွေအတွက် အဓိကကျတဲ့ အခက်အခဲဖြစ်ကြောင်း အမျိုးသားလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက မနေ့က ဆွေးနွေးခဲ့ပါတယ်။
2014-10-15
မန္တလေး တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆိုက်ရောက်လာတဲ့ အဲကမ္ဘောဇ Air KBZ လေယာဉ်ရဲ့ ခရီးသည်ထိုင်ခုံကနေ ISIS အစ္စလာမ္မစ်နိုင်ငံတော် အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ တွေ့ရှိခဲ့တာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေရဲ့ နောက်ဆုံးအခြေအနေတွေကို ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံဖြတ်ကျော် မှုခင်းများတိုက်ဖျက်ရေးဌာနက ညွန်ကြားရေးမှူး ရဲမှူးချုပ် စိုးမြိုင်ကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။
2014-10-15
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတလောင်းနေရာ ဝင်ရောက်ယှဉ်ပြိုင်သူတွေထဲမှာ ပါဝင်လာနိုင်တယ်လို့ လေ့လာသူတွေအကြား ထင်ကြေးပေးမှုတွေရှိပါတယ်။
2014-10-13
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ လစ်လပ်နေတဲ့ အလုပ်အမှုဆောင် နေရာတွေအတွက် ပြန်လည်ရွေးချယ်ဖို့ စီစဉ်နေပြီဖြစ်ပြီး ဒါဟာ ၂၀၁၅ မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကြီးအတွက် ကြိုတင်ပြင်ဆင်မှုရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ NLD ပါတီက ပြောပါတယ်။
2014-10-12
နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ ချို့တဲ့တဲ့စာနယ်ဇင်းသမားတွေအတွက် ကျန်းမာရေးကုသပေးနိုင်မယ့် ဆေးခန်းတစ်ခန်းကို ကွယ်လွန်သူဆရာကြီး ဦးဝင်းတင်ရဲ့ ဟံသာဝတီ ဦးဝင်းတင် ဖေါင်ဒေးရှင်းက ရန်ကုန်မြို့ လမ်း ၅၀ မှာ ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။
2014-10-11
ကရင်ပြည်နယ် မြဝတီ-ဘားအံလမ်းမှာ ဒီကနေ့ဖြစ်ပွားခဲ့တဲ့ ခရီးသည် ၄ ဦးသေဆုံးခဲ့ရတဲ့ လက်နက်ကြီးပစ်ခတ်မှုအပါအဝင်၊ ကရင်ပြည်နယ်အတွင်း ပြန်လည်ဖြစ်ပွားလာတဲ့ စစ်ရေးတင်းမာမှု၊ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ရှေ့အလားအလာတွေနဲ့ ပတ်သက်လို့ DKBA ကလိုထူးဘော အခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2014-10-11
နှစ်ပေါင်း (၁၄၆) နှစ်ကျော် နှစ်ရှည်ထောင်ဒဏ်အချခံထားရတဲ့ တပ်မတော်ထောက်လှမ်းရေးတပ်က ဗိုလ်မှူးချုပ်ဟောင်း သိန်းဆွေဟာ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့က မြင်းခြံအကျဉ်းထောင်ကနေ လွတ်မြောက်လာခဲ့ပါတယ်။
2014-10-11
မြန်မာနိုင်ငံရဲ့ စားနပ်ရိက္ခာဖူလုံမှုအခြေအနေဟာ စိုးရိမ်စရာအနေအထားမှာ ရှိနေတယ်လို့ စားနပ်ရိက္ခာ ပူးပေါင်းဆောင်ရွက်ရေး FSWG အဖွဲ့က မနေ့က ပြောလိုက်ပါတယ်။
2014-10-11
လက်ရှိ ANP ရခိုင်အမျိုးသားပါတီရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးလှစော ကို အာဖက်အေ အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။
2014-10-09
လိပ်ကျွန်းလူသတ်မှုမှာ မြန်မာလူငယ်နှစ်ဦး ဖမ်းဆီးစွပ်စွဲခံထားရတဲ့အပေါ် မြန်မာအစိုးရဘက်က ဆောင်ရွက်ထားရှိမှု နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာစုံစမ်းရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဘန်ကောက်မြို့ မြန်မာသံရုံး ကောင်စစ်အရာရှိ ဦးထွန်းအေးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2014-10-09
ထိုင်းနိုင်ငံ ကော့တောင်းကျွန်းမှာ ခရီးသွားဗြိတိသျှစုံတွဲ အသတ်ခံခဲ့ရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံနေရတဲ့ မြန်မာအလုပ်သမားနှစ်ဦးကို ကူညီဖို့ မြန်မာကောင်စစ်ဝန် ဦးဆောင်တဲ့ အမှုမှန်ပေါ်ပေါက်ရေးအဖွဲ့က ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။