အလုပ်သမားအရေး နိုင်ငံတကာ ဆွေးနွေးပွဲတွေမှာ ဖိတ်ကြားဖို့ FTUM ပန်ကြား
2014.10.18
FTUM ခေါ် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးနဲ့ အလုပ်သမားရေးရာ တိုးတက်မှှုတွေအတွက်ကျင်းပတဲ့ နိုင်ငံတကာဆွေးနွေးပွဲတွေမှာ အလုပ်သမားတွေရဲ့ ဘဝအခြေအနေမှန်တွေကို တင်ပြနိုင်ဖို့အတွက် သူတို့အဖွဲ့ချုပ်နဲ့ မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာန ကိုယ်စားလှယ်တွေကို ဖိတ်ကြားဖို့ နိုင်ငံတကာအစိုးရတွေ အဖွဲ့အစည်းတွေကို ဒီလ ၁၅ ရက်နေ့စွဲနဲ့ မေတ္ထာရပ်ခံလိုက်ပါတယ်။ FTUM အထွေထွေအတွင်းရေးမှူး ဦိးမောင်မောင်ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။