ထိုင်းမှာစွပ်စွဲဖမ်းဆီးခံထားရသူ ကိုဝင်းဇော်ထွန်းရဲ့ ဖခင်ပြောပြချက်
2014.10.09
ထိုင်းနိုင်ငံ ကော့တောင်းကျွန်းမှာ ခရီးသွားဗြိတိသျှစုံတွဲ အသတ်ခံခဲ့ရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံနေရတဲ့ မြန်မာအလုပ်သမားနှစ်ဦးကို ကူညီဖို့ မြန်မာကောင်စစ်ဝန် ဦးဆောင်တဲ့ အမှုမှန်ပေါ်ပေါက်ရေးအဖွဲ့က ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီဖမ်းဆီးခံနေရသူတွေဟာ အခုအချိန်အထိတော့ မြန်မာပြည်မှာရှိတဲ့ သူတို့မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရသေးဘူးလို့ သိရပါတယ်။ ကိုဝင်းဇော်ထွန်းဟာ ထိုင်းနိုင်ငံကို သွားရောက်အလုပ်လုပ်တာ ၈ လ ခန့်ရှိပြီဖြစ်ပြီး ဒီကနေ့အချိန်အထိ အဆက်အသွယ်မရခဲ့သေးဘူးလို့ သိရပါတယ်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် သဲချောင်းအုပ်စု ကာဖီချောင်းကျေးရွာသား ကိုဝင်းဇော်ထွန်းရဲ့ ဖခင်ဖြစ်သူ ဦးထွန်းထွန်းထိုက်ကို RFA သတင်းထောက် မစန်းမော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။